Monday, October 1, 2012

အတူမရှိသော တရားလေးပါ


ဒီတရားတော်ကို မြတ်စွာဘုရာသည်  ဥပါသိကာ ငါးယောက်ကိုဟောကြားတော်မူခဲ့ခြင်းဖြစ်ပါတယ်။

-လောကမှာ ရာဂထက်  ပူလောင်တတ်သော မီးမရှိ။


  ဗုဒ္ဓက နေဆယ်စင်း ထွက်လာလော အပူကမြင်ရဦးမယ် ကိုယ့်စိတ်သန္တန်မှာဖြစ်နေတဲ့ ရာဂဆိုတဲ့ မီးက
မမြင်မသိသာပဲ ပူလောင်သောကြောင့်ရာဂထက်ပိုပူပြင်းသောမီးမရှိ လို့ဟောဖော်ညွှန်ပြဆုံးမခဲ့ခြင်းဖြစ်ပါတယ်။

-လောကမှာ ဒေါသလောက် ဖမ်းယူတတ် တဲ့နေရာ အတူမရှိ
 
ဗုဒ္ဓက ဒါသဖြစ်နေသောလူတစ်ယောက်ကို ထိုသူ၏စိတ်ထဲတွင်တရိပ်ရိပ်နှင့် ကြိတ်မနိုင်  ခဲမရဖြစ်နေသော ဒေါသ သည်ဆွဲယူနေသည်မှာ အတူမရှိဟု ဟောတော်မူ၏။ဥပမာ-သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးနှင့် စကားများ
ရန်ဖြစ်လျှင် အရင်ခင်မင်ခဲ့ဘူးသော မျက်နှာကိုမှ မထောက်ဒေါသ၏ ဖမ်းယူခြင်းကိုခံရပြီး ခိုက်ရန်ဖြစ်ပွား သတ်ဖြတ်မိသည်များလည်းရှိပါတယ်။

  -မောဟနှင့် တူသော ပိုက်ကွန်မရှိ

ငါးပိုက်ကွန်တွင် မိနေသော ငါးများသည် ထိုပိုက်ကွန်ထဲတွင်သာ အုပ်မိုးခံရပြီး အဘယ်မှမသွားမထွက်နိုင်သကဲ့သို့ ဘုရားအဆူဆူနှင့်လွဲပြီး သံသရာဝဋ်ဆင်းရဲမှ မလွန်မြောက်နိုင်သည်မှာ မောဟဆိုသည့် ပိုက်ကွန်နှင့်တူရာမှာ အတူမရှိသော အဝိဇ္ဇာပိုက်ကွန်ကြီး အုပ်မိုး ထား၍ဖြစ်ပါတယ်။
 
-တဏှာနှင့်တူသော မြစ်နဒီမရှိ

  တဏှာသည် မိမိကြင်လည်ရာ ဘဝသံသရာတလျှောက်လုံး တဏှာ၏အလိုဆန္ဒကို မည်သို့ မည်မျှပင်  ဖြာည်ဆည်းပေးစေကာမူပြည့်စုံသည် လုံလောက်သည်ဟူ၍ဟု ဟောတော်မူပါတယ်။

ဤတရားအဆုံးတွင် ဥပသိကာ ငါးယောက်ထဲမှ တစ်ယောက်သည် သောတာပန်ဖြစ်သွားပါတယ်။ ထိုအချင်းအရာကိုသိသော အရှင်အာနန္ဒာက.. အရှင်ဘုရား အသွေးအသားရိုးတွင်းထိပေါက်အောင် 
 ကောင်းမွန်လွန်းလှ တဲ့တရားတော်ကို နာယူရသော်လည်း ငါးယောက်ထဲ တွင်မှ တစ်ယောက် သာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါသလဲဟု အားမလိုအားမရ မေးသော် ဗုဒ္ဓက ချစ်သားအာနန္ဒာငါဘုရား၏   ကောင်းမွန်လှသောတရားကို လောကမှာကောင်းမွန်စွာယူနာနိုင်တဲ့ပုဂ္ဂိုလ်တွေဟာနည်းလှတယ် သံသရာတစ်လျှောက်လုံးမှာ လောကီအာရုံတွေ နဲ့ပဲကျင်လည် လာကြတာဖြစ်တယ်။ 
 
ငါဘုရား၏တရားကိုနာကြားသူထိုငါးယောက်ထဲတွင် တစ်ယောက်သာ သောတပန်တည်ရသလဲ
ဆိုရင် ..ပထမတစ်ယောက်ကား တရားနာရင်းအိပ်ငိုက်နေသူဖြစ်သည် ထိုပုဂ္ဂိုလ်သည် ဘဝပေါင်းများစွာက မြွေဘဝတွင်ကျင်လည်ခဲ့ရ၍ဖြစ်တယ်။

-ဒုတိယတစ်ယောက်ကား တရားနာရင်း မြေကြီးကိုတုတ်နဲ့ကုတ်ခြစ်နေသူဖြစ်သည် ထိုပုဂ္ဂိုလ်
သည်တခြားသူမဟုတ် ဘဝပေါင်းများစွာက တီကောင်ဖြစ်ခဲ့ဘူးတယ် ။

-တတိယသစ်ပင်ကိုကိုင်ကာ တရားနာနေသူက ဘဝပေါင်းများစွာ မျောက်ဘဝရခဲ့ဘူတယ်

-စတုတ္ထတစ်ယောက်ကား တရာနာရင်း ကောင်းကင်ကိုမော့မော့ကြည့်နေသူသည် ဘဝပေါင်းများစွာကနက္ခတ်တာယာကြည့်သူဖြစ်ခဲ့ဘူးတယ် အာနန္ဒာ။

-နောက်ဆုံးတစ်ယောက်သည်သာလျှင် ငါဘုရား၏တရားကို ခေါင်းစိုက်ပြီး အာရုံစူးစိုက်စွာ တရားနာဉာဏ်ကခန္ဓာဘက်လှည့်ကာနာသာကြောင့်ဖြစ်သည် ထိုပုဂ္ဂိုလ်သည် ဘဝပေါင်းများစွာက တရားဓမ္မတွေကိရွတ်ဖတ်လေ့လာဆည်းပူးနာကြားခဲ့ဘူးတဲ့ ကောင်းမှုထုံမှုန်းခဲ့ဘူးသောကြောင့် ဖြစ်တယ်ချစ်သားအာနန္ဒာ...ဟုဖြေကြားတော်မူပါတယ်။
.........................

အရှင်ပုညာနန္နဟောကြားတော်မူဟောတော်မူသောတရားမှ

No comments:

Post a Comment