Tuesday, September 4, 2012

နိဗ္ဗာန်ဈေးဆိုတာ

နောက်တပတ် တနင်္ဂနွေမှာ နိဗ္ဗာန်ဈေးပွဲတော်ဆိုတော့ နိဗ္ဗာန်ဈေး
အကြောင်း ခေါင်းထဲမှာ ဝင်လာပါတယ်။

တစ်နှစ်မှာ ဗုဒ္ဓရံသီနိဗ္ဗာန်ဈေးပွဲတော်က သုံးပွဲဆိုတော့ ရောင်းသူကော ဝယ်သူပါ.. တတ်တတ်ကြွကြွ မရှိတော့ သလိုပါပဲ။ ရောင်းသူတွေကလည်း “ ပင်ပန်းလိုက်တာတဲ့.. ရောင်းရတဲ့ငွေကလည်း
 နည်းနည်းလေး အရင်းလောက်ပဲ ၊ လူပင်ပန်းတာပဲ အဖက်တင်တယ်၊ ပိုလည်းမလှူနိုင်းဘူး၊ ဘာမှမချက်ပဲနဲ့ ဒီအတိုင်းလှူလိုက်ရင် အကောင်း သားတဲ့” ဝယ်စားတဲ့
သူတွေကလည်း “ရောင်းတဲ့သူတွေကလည်း နည်းလိုက်တာ .. ၅- ဒေါ်လာဖိုး ဗိုက်လည်း မဝဘူးတဲ့။

သြော်… နိဗ္ဗာန်ဈေးဆိုတာ မေ့နေပြီး ထင်ပါရဲ့လို့ စာရေးသူ အတွေးဝင်မိပါတယ်။

ဒါပေမယ့် ပုထုဇဉ် လူသဘာဝအရ .. ပျော်ကြမယ်၊ ဆိုကြမယ်ဆိုရင်တော့ဖြင့် အကြိမ်တွေ ဘယ်လောက်များပါစေ .. မမောနိုင် ၊ မပန်းနိုင်ပါ။

ဒါကြောင့် ထင်ပါရဲ အမေရိကဘုန်းတော်ကြီကျောင်း နိဗ္ဗာန်ဈေး ပွဲတော်တွေမှာ ကာရာအိုတွေ ၊ ဘာတွေနဲ့လို့ကြားဖူးပါတယ်။

မြန်မာဗုဒ္ဓဘာသာဝင်များ နိဗ္ဗာန်ဈေးဆိုတာ နာလည်းစေဖို့ ဘုရားဖူးသွားခြင်းဆိုတဲ့ အင်္ဂလိပ်ဝတ္ထုတို တပုဒ်ထဲမှာ အဖွားနဲ့မြေတို့အကြောင်း ပြောပြချင်တယ်။

တစ်နေ့ မြေးအဖွား နှစ်ယောက် ဘုးရားကျောင်းကို သွားပါသတဲ့၊ ဘုရားကျောင်းရောက်တော့ အမှတ်တရ ပစ္စည်းဆိုင်မှာ ဘုရားကျောင်း ရန်ပုံငွေအဖြစ် ပို့စကဒ်တွေ တစ်ဒေါ်လာနဲ့ရောင်းပါတယ်။ အဖွားဖြစ်သူက ပို့စကဒ် ၁၀- ဝယ်လိုက်တယ်။ ဒီတော့အတူပါလာတဲ့ မြေးမက “အဖွားကလည်း ဒီပို့စကဒ်တွေ မပြင်ဆိုင်မှာ တစ်ခုမှ ဆင့်ငါးဆယ်ပဲပေးရတာ အပြင်ဆိုင်မှာ ဝယ်ပေါ့လို့” ပြောပါတယ်။

အဖွားက “ ငါ့မြေရယ်.. ဖွားဖွားက ဒီပိုဒ်စကဒ်တွေဝယ်တာမဟုတ်ဘူး ဘုရားကျောင်းက လုပ်နေတဲ့ လုပ်ငန်းတွေ အားပေးကူညီရင်း အဖွားရဲ့ ပီတိကို ပြန်ဝယ်တာပါ”လို့ ပြောပါတယ်။

ဒီတော့ မြေးမက အဖွားနားမလည်းဘူး ရှင်းပြပါဦးဆိုတော့ ကောင်းပြီ.. ယခု မြေးမြင်နေရတဲ့ ဘုရားကျောင်းက အဆောက်အဦးတွေ ၊ ဘုရားကျောင်း က ပြုလုပ်နေတဲ့ အခမ်းအနားတွေ ၊ ဘုရားကျောင်းမှာ နေစဉ်သုံးစွဲနေတဲ့ ရေ၊မီးစတဲ့ ကုန်ကျစရိတ်တွေ ဒါတွေကို စေတနာရှိ
သူတွေက ထောက်ပံ့နေကြတာ၊ ဒီလို ထောက်ပံ့သူတွေမရှိလျှင် ဘယ်လိုလုပ် ဘုရားကျောင်း ဆက်လက်တည်တံ့နိုင်ပါမလဲ။

ဒီတော့ ဘုရားကျောင် တာဝန်ရှိသူအနေနဲ့ အလှူရှင်တွေကို တိုက်တွန်းရတယ်၊ ဟောပြောစည်းရုံးရတယ်။ ရန်ပုံငွေကိုလည်း စုဆောင်းရတယ်၊ အမှတ်တရ ပစ္စည်းရောင်းတာလည် ရန်ပုံငွေ
စုဆောင်းနည်း တစ်မျိုးပေါ့။ ခုလိုအဖွားက ဝယ်ယူအားပေးလိုက်တော့ သူတို့ ရန်ပုံငွေ စုဆောင်းရာမှာ အဖွားက ပါဝင်ပြီးသားဖြစ်သွားတာပေါ့။

ဒီတော ရန်ပုံငွေ စုဆောင်းသူတွလည်း သူတို့ဆန္ဒပြည့်မှီတဲ့ အတွက် ကျေနပ်ကြမယ်။ 
အဖွားလည်း သူတို့ ကြည်နူးကြမှာကိုတွေးပြီး ထပ်တူကြည်နူးရသလို ကိုယ်လည်း ကုသိုလ်လုပ်ရတဲ့အတွက် ပီတိဖြစ်ရတယ်။ အဖွားရဲ့အလှူငွေက ဘုရားကျောင်း လုပ်ငန်းစဉ်တွေမှာ သုံးစွဲနေတယ်ဆိုတာ အဖွားသိနေတာပဲ မြေးရဲ့။ ဒီပီတိမျိုးကို မြေးပြောတဲ့ အပြင်ဈေးဆိုင်တွေမှာ ဝယ်လို့မရဘူး မြေးရဲ့”လို့ ရှင်းပြပါရတယ်။

ဒီတော့ မြေမလေးက .. သူ့ပိုက်ဆံအိပ်ကို ဖွင့်ပြီး “ အန်တီ ၊ သမီးအတွက်လည်း ပီတိ တစ်သိန်းဖိုးလောက် ရောင်းပေးပါဦးဆိုပြီး အမှတ်တရ ပစ္စည်းရောင်းနေသူဆီကို ငါးဒေါ်လာတန် တစ်ရွက် ကမ်းပေးလိုက်ပါသတဲ့။

နိုင်ငံခြားတိုင်းပြည်မှာ ရှိတဲ့ မြန်မာဘုန်းတော်ကြီး ကျောင်းများဟာ လစဉ်ကုန်ကျစရိတ်တွေရှိတာရယ် ၊ ဘဏ်ချေးငွေ မောဂိတ်ပေးစရာတွေ ရှိတာကြောင့် ဒီလို့ ရံပုံငွေရှာပွဲ လုပ်ပြီး ရပ်တည်ကြရပါတယ်။

ဟော ! ဗုဒ္ဓရံသီနိဗ္ဗာန်းဈေးပွဲတောကတော့ ဒီထက်မက .. သီတင်းဝါလကျွတ်ရင် အသက်ကြီးသူတွေကိုလည်း စုပေါင်းကန်တော့ကြမယ်။ ငယ်ရွယ်သူ ကလေးငယ်များကိုလည်း ဘာသာရေးမှာ ထက်ထက်သန်သန်ရှိအောင် လူရည်ချွန်ဆုတွေ ပေးဦးမယ်ဆိုတော့ ဘယ်လောက် ဝမ်းသာပီတိဖြစ်စရာကောင်းပါသလဲ။

အဲဒါကြောင့် နိဗ္ဗာန်ဈေး၊ ရောင်းသူ ဝယ်သူအားလုံး များသည်၊နည်းသည်၊ ပင်ပန်းသည်၊ အဓိကမထားကြပဲ. နိဗ္ဗာန်ရည်မျှော်ကာဖြင့် … “နိဗ္ဗာနဿ ပစ္စယော” ဟုသာ စိတ်နှလုံးထားကြပါဟု တိုက်တွန်းရင်းဖြင့်..

No comments:

Post a Comment