Monday, September 10, 2012

သမီးလေးအတွက် ဒိုင်ယာရီ ( ၄)





သမီးလေးအတွက် မှတ်တမ်းရေးတာ ဒါဟာ တတိယမြောက်နေ့ပဲနော် ..။ ပြီးခဲ့တစ်ပတ်က မရေးဖြစ်ဘူး သမီး။ မေမေတို့ ပုပ္ပါးမြို့ ၇-ရက်ဈေးသွားတယ်လေ။  ဈေးဝယ်တယ်ဆိုတာလည်  ၇-ရက်ဈေးမှ ပစ္စည်းစုံတယ်။ ကိုယ်ချင်တဲ့ ငါးခြောက်ငါးခြမ်း ၊ ဟင်းသီးဟင်းရွက် အကုန်ရတာ။ ဒီနေ့မှလည် ရွာက ကား ၂-စီးလုံးထွက်တယ်လေ။

ဈေးထဲရောက်တော့ သမီးကို အမှတ်ရနေသေးတယ်။ သမီးငယ်ငယ်တုန်းက မေမေကြီးနဲ့ ၇-ရက်ဈေး လိုက်မယ်ဆို ခေါ်သွားတယ်။ ဈေးထဲမှာ ကလေးတွေအတွက် အဘိုးကြီးတစ်ယောက်က ဗူးပေါင်းတွေ အရုပ်မျိုးစုံလုပ်ပြီး ရောင်းနေတာတွေ့တော့ ။ သမီးက အမေ့ကို   ဗိုလ်မရုပ်ကလေး ဝယ်ပေးဖို့ ပူဆာတယ်။ မေမေကလည်း ဈေးဝယ်ကောင်းနေတာနဲ့ သမီးစကားတောင် နားမထောင်နိုင်ဘူး နောက်ဆုံး မရမက ပူဆားတာနဲ့ သမီးကို ဗိုလ်မရုပ်ကလေး ဝယ်ပေးလိုက်တော့ သမီးသိပ်ပျော်သွားတယ်။ အဲဒီတုန်းက သမီးရဲ့ အပြုံးမျက်ကို ကြည့်ပြီး မေမေကြီး ဝမ်းသာလိုက်ရတာ၊ ကြည်နှုးလိုက်ရတာ။

ဟော ..! ညနေ ဈေးကပြန်အိမ်ရောက်တော့ ဗိုလ်မရုပ် ဗူပေါင်းလည်း အိမ်နီးနာချင်း  ကလေးတွေက ဝိုင်းလုလို့ ကွဲသွားရော သမီးလေး ရှိုက်ကြီးတငင် ငိုလိုက်တာ တက်သွားတယ်။ သတိလစ်ပြီး
 ခေါ်လို့တောင်မရဘူး။ သမီးလေးကို မေမေ  အတင်းပွေဖက်ပြီး လေမှုတ်လိုက်မှ ပြန်လည်လာတာ သမီးလေးမှတ်မိမယ်ထင်တယ်။

ဈေးကပြန်ရောက်ချင်းချင်း ညနေမှာ နွေရာသီ လေတိုက်လို့  သစ်ရွက်တွေ  မေမေတို့ရဲ့ အိမ်ဝန်း တလင်းပြင်မှာ ဖရို ဖရဲ စုံပုံနေတယ်။ အဲဒီမြင်ကွင်းကို ကြည့်ရင်း  အိမ်တလင်းရှင်းဖို့ကိစ္စနဲ့ ပတ်သတ်ပြီး တို့သားအမိနှစ်ယောက် ရန်ဖြစ်တာကို သတိရမိတယ်။

 ပြီးခဲ့တဲ့ တနှစ်ကျော်လောက်က မေမေ  နှာစိးချောင်ဆိုး တစ်ပတ်လောက်ဖြစ်ခဲ့တယ်လေ။
 မေမေနေမကောင်းတော့ အိမ်းတွင်းသန့်ရှင်ရေး ဘာမှ မလုပ်နိုင်ဘူးပေါ့။ သုံးလေးရက် အမှိုက်မလှဲတာနဲ့ အိမ်ဝင်းတလင်းပြင်မှလည်း အမှိုက်တွေ ပြည့်နေပြီ။  ဒါနဲ့ မေမေက သမီးလေးအခန်းကိုလာခဲ့တယ်။ သမီလေးက အိပ်ရာပေါ်မှာ လဲလျောင်ပြီး ဝတ္ထုဖတ်နေတယ်လေ။  မေမေကြီးက   အိမ်တလင်းမှာ
 ပြည့်နေတဲ့  သစ်ရွက်ခြောက်တွေ ကို သိမ်းဖို့  ပြောတော့ သမီးလေး သဘောမကျဟန်နဲ့..။ 

ဟာ…! မေမေကလည်း ဘာတွေ အလုပ်ရှုပ်နေပြန်တာလဲ။  နွေရာသီ လေတိုက်လို့ သစ်ရွက် သူ့အလိုလို ကြွေကျတာပဲ သစ်ရွက်ကြွေကျတိုင်း လိုက်သိမ်းမယ်ဆိုရင် ဘာမှကိုလုပ်ရတော့မှာ မဟုတ်ဘူးတဲ့။ ဒါက သဘာဝပဲတဲ့၊ သဘာဝဟာ . သဘာအတိုင်းပဲကောင်းပါတယ်တဲ့ သမီးရဲ့ ဒဿနလေ။

အဲဒီအချိန်က သမီးလေးက မီကောင်ပေါင်အရွယ် အပျော်ဖော်ဝင်စ .. ကိုယ့်အတွေး ကိုယ်အခေါ်နဲ့ သဘာဝ ပုံဖော်နေချိန်မှာ မေမေရဲ့ လမ်းညွှန်မှုတွေဟာ သဘာဝနဲ့ ဆက်ကျင်နေတယ်လို့ သမီးလေးယူဆတာကို။

အမှန်တကယ်တော့ ကမ္ဘာပေါ်မှာ လူဆိုတာ အသိဥာဏ်အရှိဆုံး သတ္တဝါမို့ သဘာဝကို  ကိုယ်လိုချင်တဲ့ ပုံဖော်လို့ ရပါတယ်သမီး၊ ခွေးလေးတွေတောင် လူဆိုတဲ့သခင်က ပုံဖော်လို့ သခင်လို့ချင်တဲ့ ပုံစံဖြစ်လာတယ်။ 
  မေမေက ဒီလို အကျိုးအကြောင်းရှင်းပြရာမှာ .. အဲဒိတုန်းက သမီးလေးက မေမေစကားကို နာထောင်လိုစိတ် မရှိတာနဲ့ ဘာမှ ဆက်မပြောဖြစ်တော့ဘူးသမီး။
ခဏကြာတော့ သမီးလေး မေမေ့နားကို ဖြတ်သွားတယ်။ အဲဒီလိုအသွားမှ မေမေငိုနေတာကို သမီးမြင်တယ်။ ဒါပေမဲ့ မမြင်ချင်ယောင်ဆောင်သွားတယ်။ 

ညနေ ထမင်းစားချိန်ရောက်တော့ သမီးလေး အခန်းထဲက နောက်တခေါက်ထွက်လာတယ်။  အဲဒီတော့မှပဲ
 “ ညနေစာ စားဖို့ ဘာရှိလဲ” လို့မေးဖော်ရတယ်။ မေမေဟာ စောစောကနေရာမှာပဲ ငိုနေတုန်းပဲ ဆိုတာ သမီးလေး သတိပြုမိတယ်။  ဒီတော့  သမီး မီးဖိုချောင်ဝင်သွားပြီး စားစရာသောက်စရာ သွားပြင်တယ်။ မေမေ တကယ် စိတ်မကောင်းဖြစ်နေတယ်ဆိုတာ သမီးလေးသိတာပေါ့။  ဒီတော့စကားပြောပြီး မေမေကျေနပ်အောင် တစ်ခုခု လုပ်ဖို့ ကြိုးစားနေတယ်။

နောက်တစ်နေ နံက်စောစော အိပ်ရထတော့ သမီးလေးတစ်ယောက် သစ်ရွက်ခြောက်တွေကို လိုက်ကောက် လှဲကျင်းနေတာကို တွေ့ရတယ်။ သမီးလေး အမှိုက်သိမ်းပြီး အိမ်ထဲမှာဝင်လာတော့  မေမေက ဘာမှ မပြောပဲ နေလိုက်တယ်။  ဘာကြောင့်လည်းဆိုတော့ သမီးလေးက လိမ္မာတယ်၊ တော်တယ် စတဲ့ မြှောက်လုံးတွေကို မကြိုက်ဘူးဆိုတာ သိနေတယ်လေ။
 ဆက်ရန်(၅)

No comments:

Post a Comment