Sunday, September 2, 2012

လမ်းခွဲရင် ဝမ်းမနည်းကြေး

လောကနိယာမတွေထဲမှာ
“ချစ်ခြင်းဟာ မုန်းခြင်းရဲ့အစ ၊တွေ့ဆုံခြင်းဟာ ခွဲခွါခြင်းရဲ့အစတဲ့..”

မှန်ပါတယ်… ။
တွေ့ဆုံးမှုမရှိဘဲနဲ့ ဘိုင်ဘိုင် လုပ်စရာမလိုသလို၊ ချစ်ခဲ့ခြင်း မရှိခဲ့တဲ့သူတစ်ယောက်ကိုလည်း ‘မင်းကို ငါမုန်းတယ်လို့’
ပြောရင် ပြောသူသာ အရှုးဖြစ်မယ်ထင်ပါတယ်။

ဒါကြောင့် သူတော်ကောင်းတွေက … ချစ်ခြင်း၊မုန်းခြင်းမှ ကင်ဝေးပါစေလို့ ဆုတောင်းကြတာထင်ပါရဲ့။

ဘုရာလက်ထက်တုန်းက မာဂဓတိုင်းမှာ ပိပ္ပလိဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ မဒ္ဒတိုင်းမှာနေထိုင်တဲ့ ဘဒ္ဒကာပိလာနီဆိုတဲ့ ကောင်မလေးတစ်ယောက်တို့ အချစ်ဇာတ်လမ်းဖြစ်ကြပါသတဲ့။

တကယ်တော့ ဒီချစ်လမ်းဟာ ကောင်းလေး၊ ကောင်းမလေးတွေကိုယ်တိုင် .. မျက်စိ ခြင်းဆုံလို့ ချစ်ကြတာ မဟုတ်ပါဘူး။ ကြားဖန်တီးပေးတဲ့ အချစ်ဇာတ်လမ်းလေးပါ။

တစ်နေ့မှာ မိဘတွေက သားတော်မောင်ပိပ္ပလိ အရွယ်ရောက် အိမ်ထောင်ရက်သား ချပေးမယ်ပြောတော့ “ အို… နားရှက်စရာတွေ မပြောပါနဲ့ မိဘတွေ လုပ်ကျွေးပြီးရင် သာသနာဘောင်မှာ ရဟန်းဝတ်ပါမယ်” တဲ့။

မိဘတွေရဲ့ အကြိမ်ကြိမ်တိုက်တွန်းမှုကြောင့်..နောက်ဆုံး မောင်ပိပ္ပလိ အင်မတန်လှပတဲ့ ရွှေစင်ရုပ် အမျိုးသမီးလေးကို ထုလုပ်ခိုင်းပြီး “ ဖေဖေ မေမေတို့ .. ဒီရွှေစင်ရုပ်လောက်လှတဲ့ မိန်းကလေးဆိုရင် သား အိမ်ထောင်ပြုမယ်လို့” ကတိပေးလိုက်ပါတယ်။

အမှန်တကယ်တော့ မောင်ပိပ္ပလိက အိမ်ထောင်မပြုချင်လို့ မဖြစ်နိုင်တဲ့ ရွေစင်ရုပ်လိုလှပတဲ့ ကောင်းမလေးကို ရှာခိုင်တာပါ.. ဖြစ်ချစ်တော့ ဘဝါဘဝက ပါရမီဖြည့်ဖက် မဒ္ဒတိုင်းက ဘဒ္ဒကာပိနီဆိုတဲ့ အမျိုးသမီးနဲ့သွား တူနေပါသတဲ့။
အချစ်ဆိုတာ သိပ်ဆန်ကြယ်တာနော် ..နယ်မြေတွေ ဘယ်လိုခြားခြား .. အချစ်ကတော့ အနီးနားမှာပါပဲ။

ဒါပေမယ့် ဘဒ္ဒကာပိလာနီကလည်း အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိပြန်ဘူးတဲ့။ ဒီလိုနဲ့ သူတို့နှစ်ယောက် စိတ်နေ သဘောထားတွေကို အပြန်အလှန်စာရေးကြပါတယ်။

သူတို့ရေးတဲ့စာက… “ ဒီဘဝမှာ အိမ်ထောင်ပြုလိုစိတ်မရှိကြောင်း ၊ မိဘတွေ မျက်ကွယ်ပြုသွားရင် ရဟန်းပြုမှာ ဖြစ်ကြောင်း၊ လမ်းခွဲရင် ဝမ်းမနည်းဖို့ ဆိုတဲ့အကြောင်းစသည်”စာရေးပေးလိုက်ကြပါသတဲ့။

သို့သော်လည်း ကံမကုန်တော့ စာပို့သူ နှစ်ယောက် လမ်းမှာဆုံလို့ ဖောက်ဖတ်ကြည့်တော့ နှစ်ယောက်လုံးရဲ့ စိတ်ကူးတွေက တူနေတာတွေ့လို စာပြင်ရေးလိုက်ပါသတဲ့။

“ ညီမကို မတွေ့သေးသော်လည်း အသက်တစ်မျှ ချစ်မိပါကြောင်း ၊ ညီမကို ရိုမြေကျ ပေါင်းသင်းပါမည် ဖြစ်ကြောင့်နဲ့ အမြန်ဆုံးလက်ထပ်လိုပါကြောင်း”လို့ပြင်ရေးကြပြီယူသွားကြတယ်ဆိုပါတော့။

အတိတ်က ရေစက်ရယ်… ကြားအောင်သွယ်ပေးမှုရယ်ကြောင့် သူတို့နှစ်ယောက် ညားကြလေးသတည်း။

ဒါပေမယ့်… သူတော်ကောင်းကြီးတွေပီပီ ညအိမ်တော့ အလယ်မှာ ပန်းကုံးခြားအိပ်ပြီး နေဖက်မှာတော့ မောင်နှမ အရင်းလိုနေကြပါတယ်။
ဒီလိုနဲ့ အနေကြာလာတော့ တစ်ဦးတစ်ဦး ရဟန်းပြုလိုကြောင်း ဖွင့်ပြောလာပါတယ်။ နောက်သိပ်မကြာပါဘူး ပရိက္ခရာကိုယ်စီ ၊
ခေါင်းကိုယ်စီတုံးလို့ သင်္ကန်းဝတ်လိုက်ကြပါတယ်။

သင်္ကန်းဝတ်လိုက်ပြီတော့ ရပ်ထဲရွာထဲမှာ နေဖို့ မသင့်တော့ဘူးလေ နှစ်ယောက်သား တိပ်ဆိပ်စွာနဲ့ပဲ သပိတ်ကိုယ်စီထမ်းလို အတူတောထွက်လာကြပါတယ်။

နှစ်ဦးသာ လမ်းလျှောက်လာကြရင်း လမ်းနှစ်ခွရောက်တော့
မောင်ပိပ္ပလိက … “ ညီမ.. ငါတို့ သင်္ကန်း ကိုယ်စီနဲ့ အတူ သွားလို့တော့မဖြစ်ဘူး မင်းလည်း ကြိုက်ရာလမ်းကိုရွေးပါ” လိုပြောလိုက်ပါတယ်။

မယ်ဘဒ္ဒါက မောင်တော်ကို လက်ျာရစ် သုံးကြိမ်ပတ်ပြီး ဘယ်ဖက်လမ်းကို ရွေးလိုက်ပါတယ်။

သူတို့ရဲ့အချစ်ဇာတ်လမ်းနိယာမဟာ ဒီမှာပဲ လမ်းခွဲလိုက်တယ် ဆိုပါတော့…။ သူတို့အတွက်တော့ နိတီဆရာတွေဆိုတဲ့ တွေ့ဆုံးခြင်းဟာ ခွဲခွါခြင်းရဲ့ အစလို့ဆိုတာ မှန်ပေမယ့်၊ ချစ်ခြင်းဟာ မုန်းခြင်းရဲ့အစဆိုတာ မှားသွားပါတယ်။ သူတော်ကောင် ပါရမီရှင်တွေကို….။

သူတော်ကောင်းကြီးတွေလို့ မချစ်၊ မမုန်းပေမယ့် ကြွေကွဲမှုဒဏ်ရာတွေနဲ့ ဘဝကိုတော့ မဖြတ်ဆီလိုက်ပါနဲ့နော်။

သူတော်ကောင်းကြီးတွေ လမ်းခွဲချိန်မှာ ကမ္ဘာမြေကြီးကတောင်
ပြင်းစွာအသံမြည်ဟီးလာပါတယ်။

ထိုနောက် ရှစ်ရက်မြောက်သောနေမှာ သူတို့နှစ်ယောက် ဗုဒ္ဓထံရောက်ပြီး ရဟန္တာနဲ့ ရဟန္တာမတွေဖြစ်သွားကြပါတယ်။

ဒါကြောင့် မချစ်လို့သော်လည်းကောင်း၊ ဘဝရေစက်ကုန်လို့
သော်လည်းကောင်း လမ်းခွဲကြရင် ထိုသူတော်ကောင်းတွေရဲ့ထုံး နှလုံးမူပြီး မပြုံမပျက်ပဲနဲ့.. “အဆင်မပြေ သူတွေမှာကွယ်
နှစ်ယောက်သား ကြောချင်အပ်ခါ ၊လာရာလမ်းကို ပြန်ကွယ်"ဆိုတဲ့ သီချင်းထဲကလို ‘လမ်းခွဲရင် ဝမ်းမနည်းကြေးနော်’ ဟုသာ တင်ပြလိုက်ပါတယ်။

ဗုဒ္ဓဝင်၊ ဆဋ္ဌမတွဲ၊ ၁

No comments:

Post a Comment