Saturday, September 1, 2012

မချစ်တော့ဘူး ဆိုပေမယ့်...


အချို့ယောက်ျားတွေ ..အိမ်ထောင်သက်လေးရလာရင် အဟောင်းကို ပစ်ပြီး အသစ်ရှာသူများလည်း ရှိတတ်ပါတယ်။ အမှန်တကယ် အဟောင်းကို ပစ်လိုက်တာလားဆိုတော့လည်း ဒီလိုလည်းမဟုတ် ခြေဦး ပြန်လှည့် တတ်ကြချင်ပါသေးတယ်။
ဒါကိုပဲ သူတို့က “ ပြန်ပေါင်းထုပ်” တဲ့။

ရွှေမန်းတင်မောင် စကားနဲ့ပြောရရင် ကြာသွားရင် အသစ်ကလည်း အဟောင်းဖြစ်သွားတာပဲ မဟုတ်လား။

အချို့လည်း တရားရသလို ဘာလိုလိုနဲ့.. အိမ်ရှင်ဇနီးကို “ ညီမ.. ကလေးတွေနဲ့ စိတ်ချရင် သာသနာ့ဘောင်မှာ ရဟန်းဝတ်တော့မယ်” တဲ့။ ညီမဖြစ်သူကတော့ ရှည်ရှည်ဝေဝေ ဘာညာမပြောတော့ ပါဘူး။ စိတ်ချမ်းသာ အောင် “ ဒါဆိုလည်း ကောင်းတာပေါ့.. ညီမကို ယခုထားခဲ့လည်း ရပါတယ်”ဆိုတော့ ခပ်တည်းတည်းကြီးကြီး တကယ်လားတဲ့။

ညီမဖြစ်သူက သိသားပဲ တစ်ပတ် မကြာခင်ပြန်လာမယ်ဆိုတာ…။

အချို့ကြလည်း… အိမ်ထောင်သည် ဇနီးသည်က ဆွဲဆောင်မှုနည်း လို့လာ.. ရေစက်ပဲ တကယ်ကုန်လို့လား.. အိမ်ထောင်ရေးကို စိညစ်လာသလိုဖြစ်လာပြန်ပါတယ်

ဒီအခါမျိုးကြတော့ .. ရည်စားဘဝက ရိုးမြေကြ ပေါင်းပါမယ့်ဆိုတဲ့ ယောက်ျားများ
လည်း “ညီမ လမ်းခွဲကြရအောင်”တဲ။ ညီမတော့ ခမ်အေးအေးပါပဲ မောင်စိတ်ချမ်းသာသလို လုပ်လိုက်လေတဲ့
သိသားပဲ… မောင်...'မ' တွေနဲ့ မကင်းနိုင်ဘူးဆိုတာ…

ထို့အတူပါပဲ..

ဗုဒ္ဓလက်ထက်က သူဋ္ဌေးတစ်ယောက် အိမ်ထောင်သည်ဘဝကို ငြီးငွေးလှပါတယ်ဆိုပြီး စည်းစိမ်ဥစ္စာတွေနဲ့ သားမယာကို စွန့်လွှတ်ပြီး သာသနာ့ဘောင်မှာ ရဟန်းပြုခဲ့ပါတယ်။

ထိုရဟန်းဟာ ဝါငယ်သေးတော့ ဆွမ်းခံကြွတာ နောက်ဆုံးမှ ကြွရလို့ ဆွမ်းကောင်းကာင်းမရရှာပါဘူး။ နောက်ဆုံးအကြံရတာကတော့ ဇနီးဟောင်းပါပဲ ။ ဇနီးဟောင်းကလည်း မချစ်လို့ ပစ်သွားတဲ့ ကိုယ်တော်ချောကိုဆွမ်း၊ဆွမ်းဟင်းတွေ ကောင်းကောင်းချက်
လောင်းလှူပါတယ်။

ဒီလိုနဲ့ ထိုရဟန်းလေဟာ အခြာတပါးကို ဆွမ်းမကြွတော့ပဲ ဇနီးဟောင်း အိမ်မှာပဲ ဆွမ်းကြွပါတော့တယ်။

တနေ့တော့ ဇနီးဟောင်းဟာ မိမိယောက်ျား သူ့ရဲ့အပေါ် တကယ် အချစ်ကုန်သွားပြီလားဆိုတာကို သိချင်လို့ ပရိယာယ်နဲ့ စုံးစမ်းပွဲလေတစ်ခု ဖန်တီးလိုက်ပါတယ်။

တနေ့သော နံက်ခင်းမှာ… အခြားရွာမှ မိတ်ဆွေ ဧည့်သည်အချို့ ခေါ်ထားပြီး ဧည့်ခံကြွေးမွေးကာ အိမ်ရှေ့မှာလည်း ခရီးထွက်ရန် လှည်နွားတွေ အသစ်ပြင်ထားပါတယ်။
ရဟန်းတော်များဆွမ်းကြွချိန်မှာတော့ မီးဖိုထဲမှာ အလုပ်များဟန် ဆောင်နေပါတယ်။ မကြာခင်မှာပဲ ထိုရဟန်းကလေး ဆွမ်းရပ်တော့ ဧည့်သည် လူကြီး တစ်ယောက်က “ဆွမ်းကြွလာပြီး” ဟု မီးဖိုးထဲကို လာပြောတော့ “ ကန်တော့ဆွမ်းလို့” လျှောက်လိုက်ပါတယ်။

အကြိမ်ကြိမ် လျှောက်သော်လည်း မကြွ၍ အိမ်ရှင်မအား ပြောပြရာ မိးဖိုထဲမှ ထွက်လာပြီး ယခုမှမြင်ဟန်နဲ့ “ ဦးကြီး ဒါကျမ အရင် ယောက်ျားလေ”လို့ အားရဝမ်းသာ အိမ်ပေါ်မှ ဆင်းက်၍ သပိတ်ကို လမ်းယူကာ ဆွမ်းလှူဒါန်းပြီလျှင်….

“ အရှင်ဘုရား… အရှင်ဘုရားတော့ ဒီသာဝတ္ထိမှာပဲ ပရိနိဗ္ဗာန်စံရစ်ပါတော့၊ တပည့်တော် အိမ်ထောင်မရှိက မတင့်တယ်၍ အိမ်ထောက်ပြုကာ အခြားရွာသို့ လိုက်ပါသွားပါတော့မယ်၊ အပြစ်ရှိက သည်းခံတော်မူပါ” ဟု မျက်ရည်သုတ်ဟန်းဖြင့် အချစ်စမ်းပါတော့တယ်။

ထိုအခါကျမှ ရဟန်းတော်လေးက..

“ညီမ… ညီမနဲ့ မခွဲနိုင်ပါ” နောက်အိမ်ထောင်မပြုပါနဲ့ ၊ သွားလည်း မသွားပါနဲ့တော့ ၊ ယခုပင် လူထွက်၍ ပြန်လာခဲ့ပါမယ့်၊ ငါရဲ့ အဝတ်ပုဆိုးတွေကို သပိတ်ပေါ်တင်ပေးလိုက်ပါတော့” ဟု အဝတ်အစားတွေယူဆောင်ကာ ကျောင်းတော်သို့ ပြန်သွားခဲ့ပါတယ်။

ပါရမီရှင် ရဟန်းတော်လေးကတော့ အတိတ်ကြောင်းကို ပြန်ပြောင်းပြီး ဗုဒ္ဓက တရာဟောပြလို့ အကျွတ်တန်းရသွားပါတယ်။

ခေတ်သစ်ကိုယ်တော်ချောများမှာတော့ … အသစ်တွေ့လို့  အဟောင်းပစ်သည်ထင်ပါရဲ့ ဒီအသစ်တွေကလည်း မကြာခင် ဟောင်းသွားမှာဖြစ်လို့.. မချစ်ဘူးတော့ဘူးဆိုတာ သေချာရဲ့လားလို့ မေးလိုက်ချင်ပါတယ်ဗျာ။

No comments:

Post a Comment