Wednesday, August 22, 2012

ကြင်နာတတ်သော နှလုံးသား







တနေ့မှာ ဘုရားလောင်းမင်းသားကလေးနဲ့ သူရဲ့ဝမ်းကွဲ ဒေဝဒတ်လောင်း ကလေးတို့ သစ်တောတစ်ခုဆီသို့ လမ်းလျှောက် ထွက်ကြပါတယ်။ ထိုနောက် သူတို့နှစ်ယောက် ငန်းဘဲတစ်ကောင်ကို မြင်လိုက်ကြပါတယ်။ မြင်းမြင်းခြင်းပဲ ဒေဝဒတ်ကလေးက ငန်းဘဲကို မျှားနဲ့ပစ်ချလိုက်ပါတယ်။

ဘုရားလောင်းကလေးကတော့ ဒဏ်ရာနဲ့ ငန်းဘဲလေးကို ချက်ခြင်းကောက်ယူကာ မျှားကို ဆွဲနုတ်လိုက်ပြီး ဒဏ်ရာနဲ့ ဘဲငန်းကို လက်နဲ့ ပိုက်ယူထားလိုက်ပါ
တယ်။

ဒေဝဒတ်လောင်း ကလေးကတော့ ဒေါသတကြီးဖြင့် ဘုရားလောင်းကလေးကို “ ငန်းဘဲ ပေး..ငန်းဘဲ ပေး.. အဲဒါက ငါပစ်ချလိုက်တာ ငါပိုင်တယ်လို့” အော်တောင်းသတဲ့။

“ မင်းကို ငါ မပေးနိုင်ဘူး.. ပေးလိုက်ရင် မင်းက သတ်ပစ်မှာ” လို့ ဘုရားလောင်းကလေးက တုန့်ပြန်ပြောလိုက်တဲ့အခါ…။ သူတို့နှစ်ယောက် အငြင်းပွားကြပြီး ဒီပြဿနာကို အဆုံးအဖြတ်ယူဖို့ တရားသူကြီးထံကို သွားကြပါတယ်။

တရားသူကြီးများက… အမြင်းအမျိုးမျိုး၊ ဆုံးဖြတ်ချက်အမျိုးမျိုးပါပဲ။ အချို့တရားသူကြီးကတော့ .. ဒေဝဒတ်လောင်းကလေး ပိုင်ဆိုင်သင့်တယ်။ အချို့တရားသူကြီးကတော့ ဘုရားလောင်းကလေး ပိုင်ဆိုင်သင်တယ်လို့ ဆုံးဖြတ်ကြပါတယ်။

နောက်ဆုံး ပညာအရှိဆုံး တရားသူကြီးထံရောက်တော့… “ သက်ရှိသတ္တဝါဆိုတာ.. ကယ်တဲ့တဲ့သူသာ ပိုင်ဆိုင်သင့်တယ်။ သတ်ဖြတ်ငြင်းဆဲတဲ့သူ မပိုင်ဆိုင်သင့်ဘူး ဒါကြောင့် အဲဒီငန်းဘဲဟာ ဘုရားလောင်းကလေး သာပိုင်ဆိုင်သင့်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ဘုရားလောင်း ကလေးဟာ ဝမ်းသာစွာဖြင့် ဘဲငန်းရဲ့ ဒဏ်ရာတွေကို သက်သာအောင်ပြုစုပြီး လွတ်လပ်ရာဆီသို လွှတ်လိုက်ပါတယ်။

ဒေဝဒတ်လောင်းကလေးကတော့ မကျေနပ်လို့ လက်သီးဆုပ်ကာ … နောက်တော့ တွေ့ကြသေးတောပေါ့ကွာ လို့ ကျိန်းလိုက်သတဲ့။

ဘုရားနဲ့ ဒေဝဒတ်တို့ရဲ့ တစ်ယောက်ကို တစ်ယောက် မနာလိုမုန်းတီးမှုဟာ ကလေးဘဝကတည်းက စခဲ့တာလို့ ဆိုရပါမယ်။

ကျောင်းတော်က.. ရန်ငြိုးဆိုတာမျိုးထင်ပါရဲ့



No comments:

Post a Comment