သားတော်ရာဟုလာ…။
ရဟန်းတော်ကို
ဖူးတွေ့ရပြီး ဘုရားလောင်းဟာ စိတ်ကြည်လင်ရွှင်လန်းလို့ ဥယျာဉ်ကို ဆက်သွားပါတယ်။
“အိုး၊ နာ၊ သေဘေးငြိမ်းရာ
တရားကိုး ငါတွေ့အောင် ရှာမယ်လို့” ဥယျာဉ်ထဲမှာ တစ်ယောက်ထည်း စိတ်ကူး ကြံစည်နေပါတယ်။
ညနေဆည်းဆာချိန်ရောက်
ပြန်ခါနီးမှာ မင်းချင်းတစ်ယောက် ရောက်လာပြီး
“ အရှင့်သား ၊
ယသော်ဓရာမှာ သားကလေးတစ်ယောက် ဖွားမြင်လာပြီးလို့” လျှောက်ထားတော့..။
မိမိအကြံကို သားတော်လေးက
“နှောင်ဖွဲ့လိုက်ပြီး ရာဟု ဖမ်းပြီး၊ နှောက်ယှက်တော့မည်” ဟု ရုတ်တရက် ဘုရားလောင်း
ရွတ်ဆိုမိပါတယ်။
ဒါကြောင့် သားတော်ရဲ့
အမည်းဟာလည်း အနှောင်အဖွဲ့ ၊ ရာဟုဖမ်းပြီးကို
ယူ၍ “ရာဟုလာ” လို့ အမည်း တွင်ပါတယ်။
အကြင်နာလမ်းခွဲ
ထိုနေ့ညအခါမှာလည်း
ခါတိုင်းကဲ့သို့ နန်းတွင်းမှာ ဘုရားလောင်းကို အဆို၊အ က ပွဲလမ်းသဘင်းနဲ့ ဖျော်ဖြေကြပါတယ်။
ဘုရားလောင်းကတော့
အရင်ကလို ပျော်ရွင်ခြင်းမရှိတော့ပဲ စောစောပဲ အိပ်ပျော်သွားခဲ့ပါတယ်။ ကချေသည်များလည်း
ထိုနေရာမှာပဲ အိပ်ပျော်သွားကြပါတယ်။
ဘုရားလောင်း ညသန်းခေါင်း
အိပ်ရာမှာ တရေးနိုးလို့ ကြည့်လိုက်တော့ နန်းတော်တစ်ခုလုံး
အနိဋ္ဌာရုံ သုဿာန်လို့ဖြစ်နေလေတော့ စိတ်ပျက်ကာ ယခုပဲ တောထွက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
အမောင်ဆန္ဒက တောထွက်ဖို့
မြင်ပြင်ခိုက်မှာ သားတော် ရာဟုလာကို နောက်ဆုံးကြည်ချင်လို့ ယသော်ဓရာရဲ့ တိုက်ခန်းဆောင်ကို
သွားတော်ပါတယ်။ နောက်ဆုံး အကြည့်ဖြင့်နုတ်ဆက်လိုက်ပါတယ်။
No comments:
Post a Comment