ရှေးရှေးတုန်းက အမေခွေးအိုကြီးမှာ လူ ..သမီးနှစ်ယောက် မွေးခဲ့တယ်။ သမီးလေးတွေငယ်စဉ်မှာ အမေခွေးအိုမကြီးက နို့တိုက်၊ အစားအသောက်တွေကို မိခင်မေတ္တာနဲ့ ရှာဖွေးကြွေးခဲ့ပါတယ်။
ဒီလိုနဲ့ သမီးလေးနှစ်ယောက် လူလားမြောက်လို့ သိတတ်တဲ့ အရွယ်ကို ရောက်လာတယ်။ သမီးလေးတွေ ကလည်း ခွေးမကြီးက မွေတယ်းဆိုပေမယ့် လှလှပပ ချစ်စရာလေးတွေတဲ့။
တနေ့မှာ.. သမီးချောနှစ်ယောက်အကြံပေါက်
ခဲ့တယ်။
အမကြီးက… “ ညီမ.. ငါတို့က လူတွေ၊ ငါတို့ အမေက ခွေးမကြီး .. မရှက်ဘူးလား၊
ငါတို့ အမေနဲ့ တောတောင်ထဲမှာ မနေတော့ပဲ ၊ လူသူနီးရာသွားနေရအောင်” လို့
တိုင်ပင်ခဲ့တယ်။ သိုသော်ငြားလည်း ..ညီမငယ်က. အမေခွေးမကြီးကို သနားကို
မလိုက်ရပါစေနဲ့လို မမကို တောင်းပန်းတယ်။ ဒီလိုနဲ့ နေလာခဲ့တာ.. သမီးချောနှစ်ယောက် အပျိုအရွယ် ရောက်လာတယ်။ အမကြီး ပြောဖန်များလာတော့ ညီမနှစ်ယောက် အမေခွေးမကြီးကို စွန့်ခါပြီး လူသူနီးရာ ရွားနီးနားကို သွားခဲ့တယ်။ ရွာနီးနာက သစ်ပင်းပေါ်မှာ တက်ပြီး သမီးချောနှစ်ယောက် ရွာထဲက လူတွေကို စောင့်နေတယ်။
ညနေခင်းမှာ ရွားထဲက ကာလသားနှစ်ယောက် ထွက်လာတယ်။ အပျိုချောနှစ်ယောက် သစ်ပင်ပေါ်မှာ တွေ့ရတော့ ။ မြင်မြင်ခြင်းပဲ ချစ်သွားတယ်။
ညီအမ နှစ်ယောက် .. ရွားသားနှစ်ယောက်နဲ့ လက်ထက်ကြပြီး ပေါင်းသင်းနေထိုင်ကြသတဲ့။
အချိန်းတော်တော်ကြာသောအခါ…
ခွေးမကြီးက.. သမီးနှစ်ယောက်ပျောက်လို့ ခြေရာခံ လိုက်ရှာတာ သမီးနှစ်ယောက်နေတဲ့ ရွားထဲကို ရောက်သွားတယ်။ အမေခွေးမကြီးက .. ဦးစွာပထမ.သမီးကြီးထံ ခြေရာခံလို့ သွားခဲ့တယ်။ သို့သော်လည်း သမီးကြီးက ရှက်လို့ အမေ ခွေးမကြီးကို မောင်းထုတ်တယ်။
သူ့ယောက်ျားကိုလည်း ခွေးမကြီးဟာ အမေဖြစ်ကြောင်း ပြောမပြဘူးတဲ့။
အမေခွေးမကြီးမှာ ငိုရိုကာဖြင့် သမီးကြီးအိမ်မှထွက်ခဲ့တယ်။
သမီးတွေရဲ့ သံယောဇဉ် မကုန်သေးတာကြောင့် ၊ သမီးငယ်ထံ ခြေရာခံလို သွားပြန်တယ်။ သမီးငယ်က အမေခွေးမကြီးကို ပြူပြူငှာငှာ ကြိုဆိုတယ်။ ကောင်းကောင်းမွန်မွန်စောင့်
ရှောက်တယ်။ ကောင်းကောင်းမွန်မွန်း ပြုစုတယ်။ လင်ယောက်ျားကိုလည်း ခွေးမကြီးဟာ မိခင်ဖြစ်ကြောင်း ပြောပြတယ်။
လင်မယာနှစ်ယောက် .. ခွေမးကြီးကို ကျေးဇူးရှင် မိခင်ကြီးပမာ စောင့်ရှောက်တယ်။
တနေ့သောအခါ..
အမေခွေးမကြီးက သမီးငယ်ကို ပြောပြတယ်… “ သမီး .. အမေသေသွားရင် အမေ့ရဲ့ အရိုတွေကို မိးသဂြိုဟ်ပြီး အိမ်းဦးခံမှာ ပူးဇော်ထားလို့ မှာသွားတယ်။ သမီးငယ်က မိခင်ခွေးမကြီး စကားကို မသွေမတိမ်း လိုက်နာတယ်။
အချိန်ကြာလာသော်အခါ..
မိခင်ကြီးရဲ့ အရိုးပြာတွေဟာ ရွှေတုန်း ရွှေခဲတွေ ဖြစ်သွာတယ်။ သမီးငယ်က ဝမ်းသာလို့ ရွာထဲက လူတိုင်းကို ပြောပြတယ်။ ဒီသတင်းကို အမကြီးက ကြားသွားတော့ ခွေးမကြီးဟာ သူ့အမေးလည်း ဖြစ်တာကြောင့် အဲဒီ ရွှေတွေကို သူလည်း ပိုင်းဆိုင်သင့်ကြောင်းတောင်းဆိုတယ်။
ဒီလိုနဲ့ ခွေးမကြီးရဲ့ သမီးနှစ်ယောက် ရွှေပိုင်ဆိုင်ရေး အငြင်း
ပွားတော့တယ်။ နောက်ဆုံးတော့ တရားသူကြီးထံ ရောက်သွားတယ်။ တရားသူကြီးက
သမီးနှစ်ယောက်ကို သံပြား တစ်ယောက် တစ်ချပ်စီပေးပြီး ဦးစွာ အရည်ဖြစ်အောင်
လုပ်နိုင်သူက ပိုင်ဆိုင်စေလို့ ဆုံးဖြတ်တယ်။
အမဖြစ်သူက ..ရွှေရချင်လို့ နည်းပေါင်းစုံနဲ့ သံပြားလေးကို အရည်ဖြစ်အောင် ကျိုသော်လည်း ဘာမှ မထူးခြားခဲ့ပါ။ ညီမဖြစ်သူမှာတော့ လွယ်ကူစွာပဲ ကောက်ရိုးမီးနဲ့ သံပြားလေးကို အရည်ဖြစ်အောင် ကျိုနိုင် ခဲ့တယ်။ နောက်ဆုံးမှာ ..ညီမလေးပဲ.. ရွှေတွေအားလုံး ပိုင်ဆိုင်စေလို့ တရားသူကြီးက ဆုံးဖြတ်ပေးခဲ့တယ်။
မိဘကျေးဇူး သိသူမှာ အမွေးခံထိုက်ပါတယ်။ လူတွေကလည်း ကူညီတယ် ၊ နတ်တွေကလည်း စောင့်ရှောက်တယ်။
အမဖြစ်သူက ..ရွှေရချင်လို့ နည်းပေါင်းစုံနဲ့ သံပြားလေးကို အရည်ဖြစ်အောင် ကျိုသော်လည်း ဘာမှ မထူးခြားခဲ့ပါ။ ညီမဖြစ်သူမှာတော့ လွယ်ကူစွာပဲ ကောက်ရိုးမီးနဲ့ သံပြားလေးကို အရည်ဖြစ်အောင် ကျိုနိုင် ခဲ့တယ်။ နောက်ဆုံးမှာ ..ညီမလေးပဲ.. ရွှေတွေအားလုံး ပိုင်ဆိုင်စေလို့ တရားသူကြီးက ဆုံးဖြတ်ပေးခဲ့တယ်။
မိဘကျေးဇူး သိသူမှာ အမွေးခံထိုက်ပါတယ်။ လူတွေကလည်း ကူညီတယ် ၊ နတ်တွေကလည်း စောင့်ရှောက်တယ်။
No comments:
Post a Comment