၂၁ ရာစု.. မိသားစု
စနစ်ကို လေ့လာကြည့်တဲ့အခါမှာ အမေ၊ အဖေ နှင့်အတူ သား၊သမီးတွေ ကွန်ပျုတာ တလုံးစီ ကိုယ်စီဖြင့်.. အလုပ်တွေရှုပ် နေတတ်ကြပြီး
ပျော်ရွှင်ဖွယ်ရာ မိသားစုအချိန်တွေ ပျောက်ကွယ် ကုန်ပြီးဖြစ်ပါတယ်။
မိဘဖြစ်သူကလည်း အလုပ်ကပြန် အင်တာနက်
သတင်းတွေဖတ်၊ မိတ်ဆွေတွေရဲ့ သတင်းတွေကို ကြည့်ရင့်ဖြင့် အချိန်တွေ ကုန်လွန်စေတတ်ပါတယ်။
မိသားစုနှင့်အတူ တနေ့တခါလောက် သဘာဝအလှတွေကို ခံစားကြည့်ပါ။ အပြင်ထွက်ပြီး လေကောင်းလေသန့် ရှုပါ။ |
သား၊သမီးများမှလည်း
ထို့အတူ ဂိမ်းဆော့၊ အွန်လှိုင်မိတ်ဆွေများနဲ့
ချက်တင်လုပ်ရင်းနဲ့ အိမ်မှာရှိတဲ့ မိဘများနဲ့ ကြာလေ ၊ဝေးလေဖြစ်လာပါတယ်။ ဒီလိုဖြစ်လာတာနဲ့ ပျော်ရွှင်ဖွယ်ကောင်းသော မိသားစုအချိန်များ
ပျောက်ကွယ်သွားသလိုဖြစ်နေပါပြီ။
မိသားစုဘဝမှာ
ပျော်ပျော်ရွှင်ရွှင်ရှိဖို့မှာ ပစ္စည်းဥစ္စာပြည့်စုံခြင်းထက်. သား၊သမီးများနဲ့ပျော်ရွှင်ရွှင်
အရာအားလုံးကို အတူလုပ်ဖို့လိုအပ်ပါတယ်။ ဥပမာ..နောက်တစ် ပတ်ရုံးပိတ်ရက်မှာ
မိမိမှာ တစ်နေရာရာ အစီအစဉ်ရှိ နေသော်လည်း သား၊သမီးများရဲ့ အစီအစဉ်တွေကိုလည်းမေးကြည့်သင့်ပါတယ်။ “ သားတို့၊ သမီးတို့ နောက်အတပတ် ဘယ်သွားဖို့အစိအစဉ်ရှိလဲ
စသည်ပေါ့။
မိသားစုနှင့်အတူ ပျော်ပွဲရွှင်ပွဲအတူသွားပါ.. |
ဒိလိုသား၊သမီးများနှင့်အတူ
တိုင်တိုင်ပင်ပင် စိတ်တူ ကိုယ်တူလုပ်ခြင်းဟာ မိသားစုမှာ သိပ်အရေးကြီးတဲ့ အချက်ဖြစ်တယ်ဆိုတာကို
တချို့မိဘများ မေ့နေတတ်ကြပါတယ်။
မိဘများ အတွေးခေါ်ရနိုင်ဖို့..
သား၊သမီးများနဲ့အတူ ပျော်ပျော်ရွှင်ရွှင်လုပ်နိုင်တာလေးတွေ တင်ပြလိုက်ပါတယ်။
ü
တေးဂီတ..
သီချင်းဆို ဝါသနာပါတဲ့ ကလေးတွေဆိုရင်.. မိမိကလေးနှင့်အတူ
မိမိပတ်ဝန်ကျင်မှာ ရှိတဲ့ တေဂီးတသင်တန်းတွေ တက်နိုင်ပါတယ်။
ü
သဘာဝအလှ….
သား၊သမီးများနဲ့အတူ.. တောင်တက်ခြင်း၊ ပျော်ပွဲစားထွက်ခြင်း၊
ပန်ခြံသွားခြင်း၊ မိမိအိမ်မှာ ပန်းဥယျာဉ်ကို အတူတကွလုပ်နိုင်ပါတယ်။
မိသားစုနှင့်အတူ ဘာသာရေး၊ သမိုင်း ၊ ပုံပြင်စသည် အတူတကွ ဖတ်ပါ |
ü
စေတနာဝန်ထမ်း…..
မိတ်ဆွေသူငယ်ချင်း၊ အိမ်နီးနာချင်နှင့်အတူ ညစာ စားးခြင်း၊လူမှုအသင်းအဖွဲ့ တွေမှာ
အတူပါဝင်လုပ်ဆောင်ခြင်း။ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အတူပါဝင်ကူညီခြင်းများတွင် အတူတကွလုပ်နိုင်ပါတယ်။
ü
ဘာသာရေး……
ဘုရားကျောင်းအတူသွားခြင်း၊ ဘုရားစာအုပ်များအတူဖတ်ခြင်း၊
ဘုရားအတူရှိုခိုးခြင်း များအတူလုပ်နိုင်ပါတယ်။
ü
လူမှုရေး…..
တခြားမိတ်ဆွေ သူငယ်ချင်းများနဲ့အတူ.. picnic
အတူထွက်ခြင်း၊ ပါတီပွဲများကျင့်ပခြင်းများ အတူလုပ်နိုင်ပါတယ်။
ü
အားကစား….
အားကစားပွဲများအတူသွားခြင်း၊ မိမိတို့ကြိုက်နှစ်သက်သော
အားကစား တမျိုးမျိုးကို အတူလုပ်နိုင်ပါတယ်။
မိသားစုနှင့်အတူ သဘာဝအလှတွေကို ခံစားပါ |
ဤကဲ့သို့
သား၊သမီးများနှင့်အတူလုပ်ကိုင်ခြင်းဖြင့်.. မိမိဖြစ်ချင်တွေ.. သားလိမ္မာ သမီးလိမ္မာလေးတွေဖြစ်လာမယ်။
မိဘပြောဆိုတာကို သား၊သမီးတွေနားထောင်မယ်။ မိမိပေးချင်တဲ့ ယဉ်ကျေးမှု ၊ဘာသာရေး၊ အတွေးအခေါ်တွေကို
အလွယ်တကူးပေးနိုင်မှာဖြစ်ပါတယ်။
မိသားစုဘဝ အတူတကွပျော်ရွှင်နိုင်ပါစေ
No comments:
Post a Comment