ရုပ်= မျက်မြင် ထင်ထင်ရှားရှား ဖောက်ပြန်တတ်သော သဘော
စိတ်ကလည်း ဖောက်ပြန်တတ်ပါတယ်။ သို့သော်လည်း စိတ်ဖောက်ပြန်ခြင်းဟာ သိပ်မြန်ဆန်လွန်းလို့ မျက်မြင် ထင်ထင်ရှားရှား မတွေ့နိုင် ၊ ရုပ်ကြတော့ သိနိုင်ပါတယ်။
မဟာဘုတ် ၄-ပါး
အခြေခံအကျဆုံးဖြစ်လို့ မဟာဘူတ= မဟာဘုတ်လို့ခေါ်တယ်။
ပထဝီ = မာမှု၊ ပျော့မှု၊ ကြမ်းတမ်းမှု၊ ၊ နူးညံ့မှု၊
အာပေါ = ယိုစီးမှု၊ ဖွဲ့စည်းတတ်သော သဘော။
တေဇော = ပူမှု ၊ အေးမှု
ဝါယော = တွန်းကန် ထောက်ကန်တတ်သော သဘော။
ဥပါဒါရုပ် ၂၄-ပါး
မဟာဘုတ်လေးပါးကို အမှီပြုဖြစ်လို့ ဥပါဒါလို့ခေါ်တယ်။
ပသာဒရုပ် - ၅ပါး
၁) စက္ခုပသာဒ
၂) သောတပသာဒ
၃) ဃာနပသာဒ
၎) ဇိဝှာပသာဒ
၅)ကာယပသာဒ
ဝိသယရုပ် ၇-ပါး
ပါဠိတော်တွေမှာ - ဝိသယ ၊ အာရမ္မဏ ၊ ဂေါစရဟု သုံးမျိုးတွေ့နိုင်ပါတယ်။
၁) ရူပါရုံ
၂) သဒ္ဒါရုံ
၃) ဂန္ဓာရုံ
၎) ရသာရုံ
၅) ဖောဋ္ဌဗ္ဗာရုံ ( ပထဝီ၊ တေဇော၊ ဝါယော) မဟာဘုတ်လေးပါး အပေါင်း။
အဘိဓမ္မာသဘောအရ - အာပေါဓာတ်ကို တွေ့ထိ၍မရ။
ဘာဝရုပ် ၂-ပါး
ဣတ္ထိဘာဝရုပ် ၊ ပုမ္ဘာဝရုပ်
ဟဒယရုပ် -၁
နှလုံးအိမ်အတွင်း ကံကြောင့်ဖြစ်သော သွေးတစ်မျိုး။
ဇီဝိတရုပ်-၁
ရုပ်တို့ကို မပုပ်မသိုးအောင် ၊ မဆွေးမြေ့အောင် စောင့်ရှောက်တတ်သောအသက်။
အာဟာရရုပ် -၁
အစားအသောက်ထဲတွင်ပါသော သြဇာဓာတ်။
ဤမဟာဘူတ ၄+ ပသာဒ ၅+ ဝိသယ ၄+ ဘာဝ ၂+ ဟဒယ + ဇီဝိတ + အာဟာရ = ၁၈ ပါးတို့ကို
အကာသရုပ် = ၁ ဟင်လင်ပြင်ဖြစ်သောသဘော
ဝိညတ်ရုပ် = ၂ သိစေခြင်း သဘော။
ကာယဝိညတ်၊ ဝစီဝိညတ်
ဝိကာရရုပ် - ၅ပါး
ကာယဿလဟုတာ - ပေါ့ပါးသည့်သဘော
ကာယဿမုဒုတာ - နူးညံ့မှုသဘော
ကမ္မညတာ အမှု၌ ခန့်သောသဘော
လက္ခဏရုပ် ၄-ပါး
အမှတ်အသားဖြစ်သော သဘော
ဥပစယ- ပထမဖြစ်သော သဘော
သန္တတိ - ပထမဖြစ်ပြီး ဖြစ်သောအခိုက်အတန့်သဘော
( ဇာတိတစ်ခုတည်းကိုပင် အဘိဓမ္မာ၌ ဥပစယ၊ သန္တတိ အမည်နှစ်မျိုးတွေ့ရ။
ဇရတာ - အိုမင်းရင့်ရော်ခြင်း
အနိစ္စတာ - မမြဲခြင်း
ဤ အာကာသရုပ် ၁+ ဝိညတ်ရုပ် ၂+ ဝိကာရုပ် ၃+ လက္ခဏရုပ် ၄ = ၁၀ပါးကို

- သဘာဝရုပ် = တကယ့်ဖောက်ပြန်တဲ့ရုပ်
- သလက္ခဏရုပ် = သဘောလက္ခဏာရှိသောရုပ်
- နိပ္ဖန္နရုပ် = ( ကံ၊ စိတ်၊ ဥတု၊အာဟာတို့က ဖြစ်စေသောရုပ်)
- ရူပရုပ်= (တကယ်ဖောက်ပြန်သောရုပ်)
- သမ္မသနရုပ် ( လက္ခဏာရေးသုံးပါ ဆင်ခြင်ရသောရုပ်) အခြားအမည်များဖြင့်လည်း ခေါ်ဝေါ်။
အကာသရုပ် = ၁ ဟင်လင်ပြင်ဖြစ်သောသဘော
ဝိညတ်ရုပ် = ၂ သိစေခြင်း သဘော။
ကာယဝိညတ်၊ ဝစီဝိညတ်
ဝိကာရရုပ် - ၅ပါး
ကာယဿလဟုတာ - ပေါ့ပါးသည့်သဘော
ကာယဿမုဒုတာ - နူးညံ့မှုသဘော
ကမ္မညတာ အမှု၌ ခန့်သောသဘော
လက္ခဏရုပ် ၄-ပါး
အမှတ်အသားဖြစ်သော သဘော
ဥပစယ- ပထမဖြစ်သော သဘော
သန္တတိ - ပထမဖြစ်ပြီး ဖြစ်သောအခိုက်အတန့်သဘော
( ဇာတိတစ်ခုတည်းကိုပင် အဘိဓမ္မာ၌ ဥပစယ၊ သန္တတိ အမည်နှစ်မျိုးတွေ့ရ။
ဇရတာ - အိုမင်းရင့်ရော်ခြင်း
အနိစ္စတာ - မမြဲခြင်း
ဤ အာကာသရုပ် ၁+ ဝိညတ်ရုပ် ၂+ ဝိကာရုပ် ၃+ လက္ခဏရုပ် ၄ = ၁၀ပါးကို
- အဘာဝရုပ်
- အလက္ခဏရုပ်
- အနိပ္ဖန္နရုပ်
- အရူပရုပ်
- အသမ္မသနရုပ် ခေါ်ဝေါ်ကြပါသေးသည်။
No comments:
Post a Comment