မြတ်ဗုဒ္ဓရဲ့ ခြေမျက်စိဟာ အများနှင့်အတူ တမူထူးခြားစွာ မြင့်ပြီး ဘုဆစ်၊ ဘုထစ်ကြီးဖြစ်မနေပဲ ပြေပြေကလေးနဲ့ ဖူးတွေ့ရသူများအဖို့ အင်မတန်မှ စိတ်ကြည်နူးစရာပါပဲ။
မြတ်ဗုဒ္ဓရဲ့ မွေးညင်းများဟာလည်း လူအများရဲ့ မွေးညင်းများလို အောင်ဖက်သို့ ငိုက်ငိုက်စိုက်စိုက် မနေပဲ၊ အထက်ဖက်သို့ ကော့တက်နေပါတယ်၊ ကဗျာဆန်ဆန်ပြောရရင်တော့ မြတ်ဗုဒ္ဓရဲ့ ရွှေမျက်နှာတော်ကို အမြဲတမ်း တသသ ဖူးမဝလို့ မော်ကြည့်နေသလိုပါပဲ။
ဒီလက္ခဏာနှစ်ပါးနဲ့ ပြည့်စုံလို့ မြတ်ဗုဒ္ဓဟာ လောကကကြီးမှာ အစစ အရာရာ အသာဆုံး အမြတ်ဆုံး ဖြစ်ရခြင်းပါ။ အကယ်၍ မြတ်ဗုဒ္ဓဟာ လူဘဝမှာ လူတို့ရဲ့ အရှင်သခင် ရှင်ဘုရင် အဖြစ်နဲ့ ဆက်လက်နေမယ် ဆိုရင် ဘုရင်မှ ပဒေသရာဇ် မင်းအဖြစ်တောင် မဟုတ်ဘဲ ဘုရင်များရဲ့ဘုရင် မင်းများရဲ့မင်း ဆိုတဲ့ စကြာမင်းတောင် ဖြစ်နိုင်ပါတယ်။
တောထွက်လာပြီး ဗုဒ္ဓဖြစ်လာတော့လည်း ရဟန်းမင်းအဖြစ် ဗြဟ္မာနတ်လူ သုံးဘုံသူတို့ရဲ့ ကိုယ်ကွယ်အားထားရာ သဗ္ဗညူဗုဒ္ဓအဖြစ် အသာဆုံး အမြတ်ဆုံး အထွဋ်အထိပ်ဘဝကို ပိုင်ဆိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။
မြတ်ဗုဒ္ဓသည် ဤကဲ့သို့သော ထူးခြားသောလက္ခဏာတောနှင့် ဗြဟ္မာနတ်လူတို့ရဲ့ အပူဇော်ထူးကို ခံယူတော်မူ ထိုက်ခြင်းမှာ.. ပါရမီဖြည့်စဉ်ကာလက.. တပည့် ၊ သားသမီး၊ မိတ်ဆွေတွေအပေါ်မှာ ဆရာကောင်း၊ မိဘကောင်း၊ မိတ်ဆွေကောင်းပီသစွာ ပစ္စုပ္ပန်၊ သံသရာ ကြီးပွားကြောင်း ကောင်းသောတရားစကားများဖြင့်သာ နည်းပေးညွှန်ပြ ဦးဆောင်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။
အတိတ်ကံတွေဘယ်လိုပင် ပြည့်စုံနေပါစေ.. မြတ်ဗုဒ္ဓကိုယ်တိုင် ဗုဒ္ဓအဖြစ်ကိုရဖို့ ခြောက်နှစ်တိုင်တိုင် တောထွက် တရားအားထုတ်ခဲ့ရသည်မဟုတ်ပါလား.. ဒါကြောင့် ဘဝမှာ ကြီးပွားအောင်မြင်တိုးတက်လိုသူတို့ ပစ္စုပ္ပန်းမှာ ကြိုးစားအားထုတ်ခြင်းဖြင့် အမြင့်မြတ်ဆုံး အအောင်မြင်ဆုံး ဘဝများကို ပိုင်းဆိုင်ကြပါစို့။
No comments:
Post a Comment