ပဉ္စမအကြိမ်မြောက်ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲနှင့် ရှင်ပြု၊နားသအလှူတော်မင်္ဂလာဖိတ်ကြားလွှာ
************************
မြန်မာဗုဒ္ဓဘာသာအသင်းကြီး၏ နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်သော
ဝါတွင်းကာလ ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် စုပေါင်းရှင်ပြုပွဲကို
ကနေဒါနိုင်ငံ၊ ဗန်ကူးဘာမြို့ ၊ မြန်မာဗုဒ္ဓဘာသာအသင်း၊ ဗုဒ္ဓရံသီကျောင်းတော်ကြီး၌ စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါသောကြောင့် ဓမ္မမိတ်ဆွေအပေါင်းတို့အား ကျွန်တော်၊ကျွန်မတို့နှင့်အတူ တရားဓမ္မကိုနာယူကြပြီး စုပေါင်းရေးစက်ချ၊
အာက်ပါအစီအစဉ်အတိုင်း ကြွရောက်ကြပါရန်ဖိတ်ကြားအပ်ပါသည်။
နေရာ။ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း
နေ့ရက်။ ၂၀၁၄ခုနှစ်၊ ဇူလိုင်လ (၁၃) ရက် {၁၃၇၆ ခုနှစ် ၀ါဆိုလပြည့်ကျော် (၂)ရက်} တနင်္ဂနွေနေ့။
အခမ်းအနားအစီအစဉ်။
ဇူလှိုင်လ (၁၂) ရက်နေ စနေနေ့ ညနေ (၄)နာရီတွင်
မောင်ရင်လောင်းလှည့်ကာ ရှင်ပြု၊နားသပါမည်။
ဇူလှိုင် (၁၃) ရက် တနင်္ဂနွေ
နံနက် ၁၀၁၅။ ပရိတ်သတ်များမှ ဓမ္မစကြာတရားတော်ဖြင့် မြတ်ဗုဒ္ဓအားပူဇော်ခြင်း
နံနက် ၁၁း၁၅။ ပင့်သံဃာများအားဆွမ်းဆက်ကပ်ခြင်း
အမေရိကန်နိုင်ငံ ၊ ပေါလန် သီရိမင်္ဂကျောင်းမှ ဦးသိရီန္ဒအား ဖိတ်ကြားထားပါသည်။
နံနက် ၁၁း၃၀။ ပရိတ်သတ်များအား ဧည့်ခံကျွေးမွေးခြင်း။
နေလည်ပိုင်း
၁၂း၀၀ နာရီ စုပေါင်းဝါဆိုသင်္ကန်ကပ်လှူခြင်း
၁း၀၀ နာရီ စုပေါင်းတရားနာရေစက်ချ အမျှပေးဝေခြင်း
သံဃာတော်များအား ဆွမ်းကပ်လှူခြင်းနှင့် ဧည့်ပရိတ်သတ်တို့အား ဒံပေါက် ၊ဟင်းမျိုးစုံတို့ဖြင့် လှူဒါန်းကျွေးမွေးဧည့်ခံခြင်းတို့ကို
ဒေါ်ချူးလမ်၊ ဦးဒေဗစ်+ ဒေါ်ချိုချိုမိသားစု
ကိုတင်နွယ် +မလေးလေးနွယ်မိသားစုတို့မှ စုပေါင်းလှူဒါန်းပါမည်။
ဝါဆိုသင်္ကန်တစ်စုံလျှင် $ 50 ၊
ဒုလ္လရဟန်းဝတ်လိုသူ ပရိက္ခရာအတွက် $100
သာမဏေပရိက္ခရာ $50 ဖြင့် မြင့်မြတ်သော သာသနာဘောင်သို့ဝင်ရောက်ကာသူတော်ကောင်း တရားပွားများနိုင်ကြပါပြီ
သာမဏေများ
၁) ကိုအောင်ဝင်း
၂) ကိုကျောင်လွင်
၃) ဇော်ဇော်ကို
နားသ
၁) ဂျုးဂျူး
ဝါဆိုသင်္ကန်းလှူးဒါန်းလိုသူများ၊ ဒုလ္လဘရဟန်းခံ၊ သာမဏေပြုလုပ်လိုသူများ 604-207-0068 သို့ဆက်သွယ်နိုင်ပါသည်။

No comments:
Post a Comment