ဒီနှစ်မှာတော့ ကမ္ဘာရဲ့ မြောက်ဝန်ရိုးစွန်းကို ရောက်နေတဲ့ ကျမတို့မြန်မာများအဖို့ ရိုးတွင်းချဉ်ဆီအထိ စိမ့်အေးသော ဆောင်ရာသီဒဏ်ကို ကနေဒါမှာ ကောင်းကောင်းကြီး တွေ့ကြုံခံစားလိုက်ရသည်။
ကျမတို့နေသော ကနေဒါအနောက်ဖျားမှာ ယခင်နှစ်များထက် အအေးပိုသော်လည်း ကနေဒါအရှေ့ဖျား မှာလို စနိုးမုန်တိုင်းတွေ အကြီးအကျယ်တော့ မခံရသေး။ ကျမတို့နေတဲ့ မြို့နဲ့ သိတ်မဝေးလှတဲ့ ရောကီတောင်းတန်းတစ်လျှောက်မှာတော့ စနိုးမုန်းတိုင်း တွေ အဆက်မပြတ် တိုက်ခိုက်နေလို့ ခရီးသွားများ သတိထားကြဖို့ သတင်းမှာ အဆက်မပြတ်ကြားနေရသည်။
ခုလိုအအေးဏ်လွန်ကဲသော ဖေဖော်ဝါရီလ စနိုးသတင်းတွေ ၊ဓာတ်ပုံတွေကြည့်ရင်း ၊ မြန်မာဗုဒ္ဓဘာသာအသင်း၊ ကေနဒါ မိသားစုရဲ့ စုပေါင်းထမနဲပွဲ ဖိတ်စာဖတ်လိုက်ရသည်။ ဖိတ်စာဖတ်ရင်းနှင့် ငယ်ငယ်က တမာရနံ့တွေဖြင့်သင်းပျံ့နေတဲ့ အညာမြေက မိသားစု ထမနဲပွဲကို သတိရလိုက်မိသည်။
"နှာရီယိုရွဲ တပိုတွဲ"ဟု ရှေးလူကြီးများ ဆိုရိုးစကားအတိုင်း ဒီလို ဆောင်ရာသီတပိုတွဲလမှာ ကျမတို့ကလေးတွေ ၊ နှာခေါင်းမှာ နှာရီများ တွဲလှောင်းကျရှိသည်ကိုလည်း အမှတ်ရနေမိသည်။
အမေဖြစ်သူက တောင်ယာမှ ဦးဦးဖျားဖျားထွက်သော
ကောက်ပဲသီးနှံများကို မြတ်စွာဘုရားနှင့်သံဃာတော်များအား လှူဖို့ သီးခြား ဖယ်ထားလေ့ရှိသည်။ ကောက်ဦးပဲဦးပေါ်ချိန်မှာ အမေက ၊ ကောက်ညှင်ဆံများကို ဗန်းထဲထည့်ကာ သန့်စင်နေတာကို ကြည့်ပြီး၊ ကျမတို့ကလေးများလည် အမေ့နည်းတူ စကောငယ်များဖြင့် စပါးများထဲ၍ ဆော့စကားခဲ့ဖူးတားကိုလည်း မှတ်မိနေဆဲ ဖြစ်ပါသည်။
ယခုလို မိဝေး ၊ဖဝေး ပြည်ပတိုင်းပြည်ရောက်သောအခါ . မိဘဘိုးဘွားတို့ရဲ့ ချစ်စရာကောင်းသောရိုးရာကို တန်ဖိုးထား မြတ်နိုးမိသည်။
ထိုကဲ့သို့ တပိုတွဲလမှာ ကောက်ဦးပဲဦးဖြင့် ထမနဲထိုးရခြင်းမှာ .. မိမိတို့လယ်ယာမှ ထွက်သော အဦးအဖျားကို မြတ်စွားဘုရား၊တပည့်သားသံဃာတော်နှင့် ၊မိဘ၊ဘိုးဘွားများအား ဦးဦးဖြာဖြား ကောက်ဦးပဲဦး ပူဇော်ကန်တော့လိုသော ကြောင့်ဟု အမေ ရှင်းပြသည်ကို မှတ်မိနေဆဲဖြစ်ပါသည်။
ဟုတ်ပါသည် ကျမတို့ မြန်မာလူမျိုးသာ ၊ ထူးထူးဆန်းဆန်း အစားကောင်းများ စားရလျှင် ကိုယ်ချစ်ရသူ၊ ခင်မင်ရသူ၊ လေးစာရသော ပုဂ္ဂိုလ်များကို သတိရတတ်သည် မဟုတ်ပါလား။
ကနေဒါမှာ ယခုလို့ဆောင်ရာသီတွင် တီဗွီမှ သတင်းတွေကို အဆက်မပြတ်ကြည့်နေရသည် ဘယ်အချိန်စနိုးကျမှာလဲ၊ မနက်ဖန် အအေးချိန်ဘယ်လောက်လဲ၊ ဆောင်းတွင်းမှာ ဆောင်ရန် ၊ရှောင်ရန် သတင်းများကို အဆက်မပျက်ကြည့်နေရသည်။ ယခုလို မိဝေး၊ဖဝေး၊ဆွေမျိုးများ ဝေးကွာသော အရပ်တွင် နေထိုင်မကောင်းဖြစ်က ၊ သိပ်မလွယ်လှ။
သတင်းများမှ ရာသီဥတုအခြေနေကို အဆက်မပြတ်ကြေညာပေးနေသည်။
** စနိုးမုန်းတိုင်းကြားမှာ ဖြစ်နိုင်ရင် ခရီးမသွားကြဖို့
** မဖြစ်မနေထွက်ရလျှင် နွေးနွေးထွေးထွေးဝတ်သွားကြဖို့
**ကားများကိုလည်း ဘတ်ထရီ၊စနိုးတာရာများ စစ်ဆေးဖို့
***ကားထဲမှာ သဲအိတ်၊ ဆားအိတ်၊ ဂေါ်ပြား၊ စောင်၊ ဓာတ်မီး နဲ့ ဖယောင်းတိုင်များ ဆောင်ထားဖို့
စတဲ့သတင်းများကိုလည်း အဆက်မပျက်နားထောင်နေရသည်။
အိမ်က ကလေးများလည်း ကျောင်းသွားတဲ့အခါ နွေးနွေးထွေးထွေးဝတ်သွားဖို့ အမြဲပြောနေရသည်။ ခက်တာက ဒီကကလေးတွေ အအေးမိပြီး ဖျားတော့မှဖျား ၊ကျောင်းသွားတဲ့အခါ နွေးနွေးထွေးထွေးသိပ်မဝတ်လိုကြ ၊ လှချင်ပချင်သည်မဟုတ်လား။
မြန်မာဗုဒ္ဓဘာသာအသင်း ၊ ထမနဲပွဲဖိတ်စာကို ကြည်လိုက်တော့ ၊ ထမနဲပွဲကျင်းပခဲ့တာ ၅-ကြိမ်တောင် ရှိသွားပါကလား..။
၅-နှစ်ဆိုတဲ့ အတိုင်းအတာက .. ကျမစိတ်ထဲမှာ မနေ့တစ်နေ့ကဟု ထင်နေမိသည်။ ကျမတို့ပြည်ပမရောက်ခင် ရန်ကုန်မှာ နေတော့ ရပ်ကွက်ဓမ္မာရုံတွေမှာ ယခုလိုတပိုတွဲလမှာ ၊ ရပ်ကွက်သူ/သားများ စုပေါင်း၍ ထမနှဲထိုးကြသည်ကိုလည်း သတိရမိသည်။
ချစ်စရာကောင်းသော ရိုးရာယဉ်ကျေးမှုဟုပင်ဆိုရပေမည်။ ရပ်ကွက်တွင် မိသားစု စားဝတ်နေရေးကြောင့် တစ်နေကုန် တစ်နေခန်း အလုပ်လုပ်ကြရသော မိသားစုများအဖို့ ယခုလို ရာသီပွဲတော်များတွင် တွေ့ဆုံကာ သားကြောင်း ၊သမီးကြောင်း ပြောကြဆိုကြ တိုင်းပင်ကြဖြင့် အလွန်ကြည်းနှုးစရာကောင်းလှပေသည်။
ယခုလည်း ပြည်ပရောက် ကျမတို့ မြန်မာမိသားစုများအဖို့ ၊ ကောက်ဦးပဲဦး ၊ လယ်ယာထွက်သီးနှံမဟုတ်သော်လည်း ကောက်ညှင်း၊ မြေပဲ၊ အုန်းသီး၊နှမ်းစသည်တို့ကို ရရာ စတိုးဆိုင်းမှဝယ်ယူ၍ ..၊ မြန်မာ့ရိုးရာ ကိုဖော်ကျုးရင်း ၊ ပြည်ပရောက် မြန်မာမိသားစုများလည်း တစ်လတစ်ခါ ဆုံးဆည်းရာဖြစ်သော ၊ ဗုဒ္ဓရံသီ ထမနဲပွဲအတွက် ကြိုတင်ပြင်ဆင်းရင်းဖြင့်...
တပိုတွဲလ ထမနဲပွဲ
။။။။။။။။။။။။။။။။
ပေါက်လဲရယ်တဲ့ ပွင့်စီစီ။
ဝတ်ပန်းသူရာရေကြောင့်
ဆက်ရက်တွေသံစုံကျူးတယ်
မြူးသည့်ရာသီ ။
ငွေသော်တာ ကြယ်မဃငယ်နှင့်
ထွန်းလျှံပပြည့်ကာညီ
ပြာရီလဲ့မြူခိုး ။
ယာဂုပွဲတော်ကိုတဲ့
လှူမြဲအလွန်ရွှင်လို့
ခုနစ်စင် တာရာလျှမ်းသည်နှင့်
ဆူးပန်းတွေ ဝေေ၀ပွင့်ကြတယ်
ထူးတင့်မညှိုး
စာဆိုတော် ဖိုးသူတော်ဦးမင်း

No comments:
Post a Comment