Friday, June 28, 2013
ပျော်ရွှင်မှုအတွက် ငါးမျှားထွက်ခြင်း
လူကုံထံတွေက...
မြို့ကြီးမှာ နေရတာ မွန်းကြပ်လို့
နုနုရွရွ ဖန်းတီးလှတွေ ငြီးငွေ့လို့
သဘာဝအလှ ရှုခင်းများနှင့်
ပျော်ရွှင်ဖို့အတွက် ငါးမျှားထွက်သတဲ့။
camp ကိုရောက်တော့
ပုရွဲဆိတ်ကိုက်၊ ခြင်ကကိုက်နဲ့
လူကုံထံများ
တောသဘာဝ တောအရသာ
ကြိတ်မှိတ်ကာဖြင့်
တောဓလေ့ကို
တွေ့ကြုံ ခံစားလိုက်ရပါ၏။
တောသားတွေက..
မိုးထိမြင်းမား ၊ တိုက်ကြီးများနဲ့
မီးရောင်စုံ၊ ဆေးရောင်စုံခြယ်သ
မြို့ဖန်တီးအလှ ရှုစားကြဖို့
မြို့ကို လာရောက်ကြသတဲ့။
မြို့ကိုရောက်တော့
အရာရာ ဈေးကြီးပေး
တောင်ငေး မြောက်ငေး
ဟိုငေး ဒီးငေးနဲ့
မြို့ဖန်းတီအလှ မြို့အရသာ
ပင်ပင်ပန်းပန်း နွမ်းနွမ်းလျလျ
တွေ့ကြုံ ခံစားလိုက်ရပါ၏။
သတိတရားရှိများက...
အားလပ်ရက်မှာ
ကိုယ်တွေ ၊ စိတ်တွေ .. အားရှိစေဖို့
ဗုဒ္ဓညွှန်ကြား ဘာဝနာတရားနဲ့
တောကိုထွက်ခါ ၊ ဘာဝနာဖြင့်
ခန္ဓာပကတိ အသိရှိစေဖို့
ဖြစ်၊ ပျက်ကိုကြည့်၊ သမာဓိဖြင့်
အေးချမ်းမှုကို
တွေ့ကြုံ ခံစားလိုက်ရပါ၏။
တောအလှခံစား မြို့သားများနှင့်
မြို့အလှခံစား တောသားတို့မှာ
ပင်ပန်းခြင်းသာ အဆုံးသတ်လိုက်ရပါ၏။
ဘာဝနာတရား ပွားများသူမှာ..။
ကိုယ့်စိတ်ကိုစစ် ၊ ဘာဝနာစစ်မို့
အမှားကိုမြင် အမှန်လင်းကာ
အေးချမ်းခြင်းဖြင့် အဆုံးသတ်လိုက်ပါ၏တကား.။
No comments:
Post a Comment