Sunday, September 9, 2012

သမီးလေးအတွက် ဒိုင်ယာရီ (၁)




သမီးလေး ဝေးမြေရပ်ခြားကိုရောက်းသွားတာ နှစ်လတောင်ရှိသွားပြီနော်။ ဒီနှစ်လအတွင်း သမီးလေး အသက်ထင်ရှားရှိနေသေးကြောင်း ပြောပြတဲ့ ပို့စကတ်ကလေး တစ်ဆောင်ကလွဲပြီး သမီးလေးဆီက ဘာသတင်းမှ မရခဲ့ပါလားကွယ်။

ဒီနေ့မနက် အိပ်ယာထ နောက်ကျပြီး အရှေ့ကျွန်းက နေလုံးနီနီထွက်လာတော့ မေမေကို လာနိုး တာကတော့ သမီးလေးရဲ့ ခွေးကလေး ဂုတ်ကျားပေါ့။ သူက..အိပ်ရာထနောက်ကျတာနဲ့ မေမေကို လာနိုးပြီးလေ။ သမီးလေးရှိကတည်း သမီးလေးပဲ အကျင့်လုပ်ပေးထားသလားနော်။ 

သမီးကလေးက   ခွေးလေးတစ်ကောင် မွေးချင်တယ်ဆိုလို့  ရွာမြောက်ဖျားက ဦးသားအေး အိမ်မှာ ခွေးမကြီး ခွေးလေးတွေပေါက်တော့ သမီးလေနဲ့ မေမ သွားယူတာ မှတ်မိသေး လားဟင်။  အဲဒီနေ့က ခွေးပိုင်ရှင် ဦးသာအေးက သမီးလေးကို သဘောကျလို့ ခွေးသားပေါက် ခုနစ်ကောင်ထဲက အထွားဆုံး၊ အလှဆုံ သားဦးပေါက် ခွေးလေးကို ရွေးပေးတယ်နော်။ ဒါကို သမီးကလက်မခံပဲ .. အင်းအားချိနဲ့ပြီး သနားစရာကောင်းတဲ့  ခွေးသားပေါက် ကလေးကို ယူလာခဲ့တော့ ခွေးပိုင်ရှင် ဦးသားအေး တအံ့တသြ ဖြစ်သွားတာကို မေးမေမှတ်မိနေသေးတယ် သမီး။ 

ယခု မေမေ သမီးထံ စာရေးနေချိန်မှာ သမီးရဲ့ ခွေးလေမှာ မေမေစာရေးစာပွဲ ရဲ့အောက်မှာထိုင်လို့ပေါ။ ဒီကောင်လေးကိုမြင်ရင် မေမေ သိပ်စိတ်လှုပ်ရှားတာပဲ၊ ဒီကောင်လေး အနီးအနားမှာ ရှိနေတာဟာ သမီးလေ တစိတ်တဒေသ မေမေ့အနာရောက်နေသလိုပါပဲ။  အဲဒီတစိတ်တစ်ဒေသဟာ လွန်ခဲ့တဲ့နှစ်ပေါင်း အတော်ကြာတုန်းက  ခွေးခုနစ်ကောင်ထဲက သနာစရာ အကောင်းဆုံး ခွေးလေးတစ်ကောင်ကို ရွေးခဲ့တဲ့ တစ်စိတ်တစ်ဒေသပဲပေါ့သမီး။

ခုရက်ပိုင်းအတွင်း ဟာလာဟင်လင်း အိမ်ကြိးထဲမှာ ဦးတည်ရာမဲ့ လျှောက်သွားနေမိတယ်။ ဒီတော့ သားအမိ နှစ်ယောက် အတူနေခဲ့တဲ့ နှစ်ကာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အထင်လွဲမှုတွေ၊ စိတ်ဆိုးမာန်ဆိုး ဖြစ်ခဲ့ရတာ အာလုံး ပျောက်ခြင်းမလှ ပျောက်ကွယ်ကုန်တယ်သမီး။ ခုတော့ မေမေကို သတိရ တမ်းတမှုတွေက လွှမ်းခြုရစ်ပတ်နေတယ်။ မေမေကြီး သတိရ တမ်းတသူကတော့ သမီးလေး ပဲပေါ့။ နုနယ်တဲ့၊ အားနွဲ့တဲ့ အတွေးရှုပ်နေတဲ့  ပုံပုံဆိုတဲ့ ကလေးမလေးဆီ စားရေးနေ တာနော်၊ မောက်မာဝင့်ကြွားပြီး ကိုယ်ဘက်ကို တစ်ချက် ကလေးမှ အတင်မခံတဲ့ မိန်းကလေး ဆီကို ရေးနေတာမဟုတ်ဘူး။

ဒီစာရေးဖို့ကို သမီးလေးရဲ့ခွေးလေးက တိုက်တွန်းနေတာကွဲ၊ ခွေးလေးက “ မေမေ.. မမဆီကို စာမရေးဘူးလား” တဲ့။ တို့သားအမိနှစ်ယောက် စာမရေးတမ်းလို့ သဘောတူထားတာကို မေမေမမေ့ပါဘူး။ ဒီသဘောတူညီချက်ကို မေမေလေးစားရမှာပေါ့။ ဒါပေမဲ့ သိပ်တော့ မလိုက်နာချင်ဘူးသမီး။ 

ဒီစာမျက်နှာတွေဟာ အတောင်ပေါက်ပြီး သူ့ဘသာသာသူတော့ ကနေဒါကို ပျံသွားမှာတော့ မဟုတ်ဘူး။ သမီးလေး ဒီကိုပြန်လာချိန်မှာ မေမေ သက်ရှိထင်ရှား ရှိမနေတော့ဘူးဆိုရင် ဒီစာမျက်နှာလေးတွေက သမီးကို ကြိုဆိုနေမှာပေါ့ကွယ်။

ဒီအကြောင်းတွေ မေမေ ဘာကြောင့် ပြောနေတာလဲ သိလား။ ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ တစ်လပျော့ပျော့ လောက်တုန်းက မေမေဘဝမှာ ပထမဦးဆုံး အကြိမ်အဖြစ် ပြင်ပြင်းထန်ထန် နာမကျန်းဖြစ်ခဲ့တယ်။

 ဒီတော ဒီဘဝမှာ ဘယ်လောက်ကြာကြာနေရမယ်ဆိုတော့တာ ဘယ်ခန့်မှန်းနိုင်ပါမလဲ။ တစ်ခါတုန်းက မိတ်ဆွေတစ်ယောက်ပြောဘူးတယ်။ ကျန်းမာရေး ဒေါင်ဒေါင်မြည်အောင် ကောင်းနေတဲ့ လူတစ်ယောက် နာဖျားပြီဟေ့ဆိုရင် ကောင်ကာငင်ကာ အသည်းအသံဖြစ်တတ်တယ်တဲ့။ မေမေလည်း ဒီအတိုင်ဖြစ်ခဲ့တာပဲသမီး။

တစ်မနက်ကပေါ့  ရွာထိပ်ကချောင်းမှာ ရေချိုးသွားရင်း လမ်းမှာမူးမေ့လဲသွားတာ ၊ ဟိုအဝေးကြီး ယာခင်းထဲက မောင်မောင်တို့လင်မယား ယာထွန်းနေတုံးတွေ့သွားလို့တာပေါ့။ နို့မိုရင်. သမီးကလေး မိဘမဲ့ဖြစ်သွား လောက်ပါပြီ။ 

တိုက်နယ်က ဆေးရုံပေါ်မှာ သတိပြန်လည်လာတဲ့ အခါကျတော့ မေမေ ဘာဆို ဘာမှ မမှတ်မိတော့ဘူး။ မျက်စီနှလုံး မဖွင့်ခင် စိတ်ထဲမှာ တစ်မျိုးကြီးခံစားရတယ်။ နှုတ်ခမ်းမွေးတွေ အရှည်ကြီးပေါက်နေသလိုပဲ ။ ကြောင်နှုတ်ခမ်းမွေတွေလိုပေါ့။ မျက်လုံဖွင့်ကြည့်လိုက်တော့မှ နှုတ်ခမ်းပေါ်က ကျော်ပြီး နှာခေါင်းမှာ တပ်ထားတဲ့ ပလတ်စတစ် ပိုက်ခလေးနှစ်လုံးကို တွေ့ရတယ်။ မေမေရဲ့ နံဘေးပတ်လည်မှာလဲ  ထူးထူဆန်းဆန်း စက်ကိရိယာတွေချည်းပဲ။ 

ရက်နည်းနည်းရလာတော့ မေမေကို တခြားလူနာ တစ်ယောက်နဲ့အတူ သာမန် လူနာခန်ထဲ ပြောင်းရွှေ့ နေရာချထားပေးတယ်။တစ်ညမှာတော့ မောင်မောင်တို့ဇနီးမောင်နှံ ရောက်လာတယ်။ သူတို့ကပြောတယ် “ရှင့် ခွေးလေးဟာ ရှင့်အသက်သခင်ပဲ ဒီခွေးလေးဟောင်လိုက် ပုံက သဲကြိး မဲကြိးပဲရှင်”တဲ့။

မေမေထထိုင်ခွင့်ရပြီး နောက်တစ်နေ့မှာ လူနာတွေ လိုက်စစ်တုန်းက အကြိမ်ကြိမ် တွေ့ဖူးနေတဲ့ ဆရာဝန်ကလေး တစ်ယောက် အခန်းထဲဝင်လာတယ်။ သူက ကုလားတိုင်တစ်လုံး ဆွဲယူပြီး ခုတင် နဘေးမှာ ထိုင်တယ်။
 “ ဒေါ်လေး ဒီဆေးရုံကဆင်းရင် .. တယောက်တည်း မနေပါနဲ့တဲ့ အဖော်သို့မဟုတ် .. ညီအကို   မောင်နှတွေနဲ့ နေပါတဲ့”။  

ဒီတော့ “မေမေက.. မောင်လေးရယ်.. ကိုယ်ဟာကိုယ် တစ်ယောက်တည်း တရက်လောက်ပဲ
 နေချင် နေရပါစေ..။ ပူလောင်စေတတ်တဲ့ နောက်ထပ် သံယောဇဉ်ဆိုတဲ့ အဖော်အသိုင်းအဝိုင်းမှာ မနေရပါစေနဲ့” လို့ ပြောလိုက်တယ်။

ဆရာဝန်လေးက လူတိုင်းကတော့ ဒီတိုင်းပြောကြတာပဲတဲ့ တကယ်ဖြစ်ပြီဆိုရင်
 ဆေးရုံကိုပဲ ပြန်ရောက်လာတာ ပဲမဟုတ်လားတဲ့။

နောက်သုံးရက်ကြာတော့ စာရွက်စာတမ်းတချို့ လက်မှတ်ထိုးပြီး ဆေးရုံပေါ်ကနေဆင်းခဲတယ်။  သူတို့ လက်မှတ်ထိုးခိုင်းတဲ့ ပုံစံစာရွက်တွေက ရယ်စရာကြီး တကယ်လို့ မေမေ သေဆုံးသွားတယ်ဆိုရင် တာဝန်ရှိသူဟာ မေမေပဲဖြစ်ကြောင်း ဝန်ခံလက်မှတ်ထိုးပါတဲ့လေတဲ့။  မေမေးလည်း လတ်မှတ်ထိုးပြီး သွယ်လျလျ သူနာပြု ကောင်းမလေး တစ်ယောက်ရဲ့ လက်ထဲကို အပ်လိုက်တယ်။ ပြိးတော့ မေမေရဲ့ ပစ္စည်းပစ္စယ အနည်းအကျဉ်းကို လက်ဆွတ်ထဲထည့်တယ်။ ပြီးတော့  ရွာပြန်ကာဂိတ်ဆီးကို သွားခဲ့တယ်။
ရွာကိုလည်း  ပြန်ရောက်တော့ သမီးခွေးလေးက အရူးတစ်ကောင်လို ချာလပတ်လည် လှည့်ပြေး
 နေတော့တယ်။ နောက်ပြီး သူ့ရဲ့ ပျော်ရွှင်ကြည်နူးမှုကို ပြတဲ့အနေနဲ့ မရပ်မနားဟောင်တော့တာပဲ။ 

မေမေက.. “ ကဲ.. မိတ်ဆွေဟောင်းကြီးရေ.. တို့များပြန်လည် ဆုံစည်းကြပြန်ပြီးပေါ့ကွယ်” လို့ပြောလိုက်တယ်။ ပြီးတော့ သူနားရွက်တွေရဲ့ နောက်ဘက်နားကို ပွတ်သပ်ပေးလိုက်တယ်။

အဲဒီနေ့ရဲ့ နောက်မှာတော့ မေမေ ဘာဆိုဘာမှ မလုပ်တော့ဘူး ။အနည်းအကျဉ်းလောက်ပဲ လုပ်တော့တယ်။ နာမကျန်းဖြစ်ပြီးကတည်းက မေမေရဲ့ ကိုယ်ခန္ဓာ ဘယ်ဘက်ခြမ်းဟာ တုန့်ပြန်မှု   နှေးကွေးလာတယ်။ အထူးသဖြင့် ဘယ်ဘက်လာက်ဟာ အရမ်းလေးကွေးလာတယ်။ 

ဒီလိုလေးကွေတာကို အရှုံးပေးဖို့ဆိုတာကို မေမေကြီး အကြီးအကျယ် မခံမရပ်နိုင်ဖြစ်မိတယ်။ ဒီတော အဲဒီ ဘယ်လက်ကို တခြားလက်တစ်ဖက်ထက် ပိုပြီးအသုံးချတဲ့တယ် ဘယ်ဘက် လက်ကောဝတ်မှာ ဖဲကြိုးအနီစလေး ချည်ထားတယ်။ ဒါမှ တစ်ခုခု ကိုလှမ်းယူမယ်ဆိုရင် ညာလက်ကို မသုံးပဲ ဘယ်လက်ကို သုံးဖို့  သတိရအောင်လေ။ တို့များရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ မှန်မှန်ကန်ကန် အလုပ်လုပ်နေသရွေ့ ကာလပတ်လုံး ဒီအင်္ဂါအစိတ်အပိုင်းတွေဟာ ဘယ်လောက် ကြောက်စရာကောင်းတဲ့ ရန်သူတွေ
 ဖြစ်နိုင်တယ်ဆိုတာ တို့များ အရင်က သဘောမပေါက်ခဲ့ကြဘူး။ ဒါပေမဲ့ တို့တတွေ သတိလစ်ပြီး အကာအကွယ်မဲ့သွားတာနဲ့ ခံရပြီးသာမှတ်။

ဒီတော့ကွယ် သမီးရဲ့ ဒေါ်လေး ချိုမာကို သော့တစ်ချောင်းအပ်ထားလိုက်တယ်။ မေမေကို ကြည့်ဖို့လေ။
မေမေ တစ်ယောက်တည်း အိမ်ခြံထဲကို လှည်ပတ်သွားလာနေရင် သမီးလေးအကြောင်း တစ်တွေးတည်း တွေးနေမိတယ်။ ဘယ်လောက်ထိအောင် တွေးနေမိလဲဆိုရင် အစွဲအလမ်း တစ်ခုလိုကို ဖြစ်လာတယ်။  ဒါနဲ့ မေမေ တယ်လီဖုန်းရုံးကို အကြိမ်ကြိမ်သွားတယ်။ စကားပြော ခွက်ကို ကောက်ကိုင်တယ်။ သမီးဆီကို အကြောင်းကြားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ဒါပေမဲ့ အဲဒီလို တယ်လီဖုန်းကို ကောက်ကိုင်တိုင်း မူလ စိတ်ကူးကို ဖျောက်ဖျက်ပစ်ခဲမိတယ်။ 

ညဦးပိုင်းတွေကြတော့ မေမေတည်ယောက်တည်း  ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်တယ်။ တအိမ်လုံးကလည်း တိတ်ဆိတ်လို့။ အဲဒီအချိန်မှာ မေမေ ကိုယ့်ကို ပြန်မေးမိတယ်။ အကောင်း ဆုံးဖြစ်အောင် ငါဘာလုပ်ရမလဲလို့။ ထုံးစံအတိုင်း သမီးလေးအတွက် အကောင်းဆုံးဖြစ်အောင်ပါ။   

 မေမေ့အတွက်ကတော့  ဒီလောကကြီး စွန့်ခွါသွားချိန်မှာ သမီးလေး မေမေ့အနာမှာ ရှိနေရင်ကောင်း တာပေါ့။  ခုလို နာမကျန်ဖြစ်ကြောင်း  သမီးလေးဆီ စာရေးလိုက်ရင် ကနေဒါမှာ နေရေးအစီစဉ်တွေဖျက်ပြီး ချက်ခြင်း ပြန်လာမယ်ဆိုတာ မေမေသိပါတယ်။

ဒါပေမဲ့  သမီးလေက မြန်မာပြည်ပြန်လာပြီး မေမေကို စောင့်ရှောက်မယ်ဆိုရင် သမီးရဲ့ ပညာရေး ၊ ဘဝအောင်မြင် တိုးတက်ရေလမ်းစတွေ ပိတ်သွားမယ်လေ။ ဒါကတော့ မေမေရဲ့ နှလုံးသာက ခေါ်မလာ၊ အသိ စိတ်ဓာတ်ကခေါ်မလား  မပြောတတ်ပါဘူး သမီးလေးဆီကို ဖုန်းမဆက်ဖို့ ဟန့်တားနေခဲ့သမိး။ 

ဟော ! တခါတလေ ကြတော့လည်း တယ်လီဖုန်း ဆက်သင်တယ်လို့ ခေါင်းထဲမှာ ဝင်လာပြန်ရော။
မေမေတွေးကြည်တယ်လေ .. တကယ်လို့ သမီးလေး အိပ်ပြန်လာမယ်ဆိုရင် မေ့မေ့အပြုံပန်းနှင့်အတူ သမီးရဲ့ ခွေလေးက ဝမ်းပန်တသာ ကြိုဆိုရမယ့်အစား အိမ်ကြီးက အထီကျန်ဖြစ်နေခဲ့ရင်..။

ဒါမဟုတ် ... အကယ်၍များ သမီးလေးထံ မေမေသေဆုံးကြောင် ကြေးနန်းစာ ရောက်လာခဲ့ရင်.. မေမေဟာ သမီးကို လျစ်လျူရှုတဲ့ လုပ်ရပ်လို့ သတ်မှတ်မယ်မဟုတ်လား။ 

လွန်ခဲ့တဲ့ လပိုင်းတွေတုန်းက သမီးလေးနဲ့ မေမေတို့ ကတောက်ကဆဖြစ်ပြီး မရိုမသေ မလေးမခန့် စကားတွေ ပြောခဲ့တယ်။ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့တယ်။ ဒါကြောင့် သမီးကို ဥပေက္ခာပြုတဲ့အနေနဲ့ အကြောင်းမကြားပဲ လောကကြီးမှ ထွက်ခွါသွားတယ်လို့ကော မထင်မှတ်နိုင်ဘူးလား။
ဒီလိုနဲ့ မေမေ့မှာ ချီတုံချတုံနဲ့ နေ့ရက်တွေ  ကုန်လွန်သွားတယ် သမီး ၊

No comments:

Post a Comment