Wednesday, September 26, 2012

ဟစ်ပိုကရေးတီး(စ်)



ဟစ်ပိုကရေးတီးစ်ဟာ .. ဗုဒ္ဓတရားတော်များနှင့်အညီ ရာသီဥတု အပြောင်းအလဲနဲ့လူများ ခံစားရတဲ့ ရောဂါတို့ ဆက်စပ်နေတာကိုလည်း  လက်ခံ ယုံကြည်ပါတယ်။ ဥပမာ..  စွတ်စိုတဲ့ ရာသီမှာ နှာစီးချောင်းဆိုး  အဖြစ်များတယ် ဆိုတာမျိုးပေါ့။
***************************

ဟစ်ပိုကရေးတီးစ်ကို ဘီစိ (၄၆၀) ခု ၊ ကို့စ် ( Cos) လို့ခေါ်တဲ့ ဂရိကျွန်းလေးတစ်ခုမှာ  ဖွေးမွားပါတယ်။ သူရဲ့ ဖခင်ဟာ အဲဒီကျွန်းကလေးပေါ်မှာပဲ တည်ရှိတဲ့ ဆေးကုသခြင်းကို အစိုးရတဲ့ အက်စ်ကူ လေပီးယပ်စ်နတ် ဘုရားကျောင်းရဲ့ ဆရာကြီး တစ်ပါး ဖြစ်ပါတယ်။

တချို့က ဟစ်ပိုကရေးတီးစ် သမိုင်းကြောင်းကို မရေမရာ ဖော်ပြကြပေမယ့် ပလေးတိုးရဲ့ စာတွေထဲမှာတော့ ဟစ်ကိုကရေးတီးစ်ဟာ နေရာတော်တော်များများ ခရီးထွက်လေ့ရှိကြောင်း ၊ ရောက်ရာဒေသမှာ    ဆေးပညာများကို သင်ကြားလေ့ရှိကြောင်းနဲ့ ကို့စ်ကျွန်းေါ်က ဟစ်ပိုကရေးတီးစ် ဆေးကျောင်းဟာ ဘိစီခြောက်ရာစုလောက်က သေလိစ်ဆိုတဲ့ သခ်ျာဆရာကြီးကျောင်းကို အသွင်းကူးပြောင်းထားကြောင်း မှတ်တမ်းတင်ထားပါတယ်။

သူရဲ့ကျောင်းမှာ ဆရာဝန်မများနဲ့ လူနာဆက်ဆံရေး ၊ ဆေပညာဆိုင်ရာ စည်းကမ်း ဥပဒေများကို လည်းသင်ကြားပေးပါတယ်။

 ဟစ်ပိုကရေးတီးစ် မပေါ် ပေါက်ခင်က ရောဂါဖြစ်ရင် နတ်ကျောင်းများကို သွားရပါတယ်။
ဘာကြောင့်လည်းဆိုတော့ ရောဂါဖြစ်တာဟာ နတ်ဆိုးများ မကြေနပ်လို့ ဖြစ်ရတယ်လို့ ယုံကြည်လို့ပါ။ အဲဒီခေတ်က ‘ကူလေပမိယပ်နတ်’ ဆိုတာ သိပ်ထင်ရှားပါတယ်။ သေသွားသူ လူကိုတောင် ပြန်ရှင်အောင်လုပ်နိုင်တယ်လို့ ဂရိများနဲ့ ရိုမန်များက ယုံကြည်ကြပါတယ်။ ဟစ်ပိုကရေးတီးစ် ကိုယ်တိုင်က ဘုရားကျောင်းနတ်ဆရာရဲ့ သာဖြစ်တော့ နတ်ဆေးများဟာ အမှန်တကယ်  ဂေါရာကို ကုသဆေး မဟုတ်ဘူး ၊ နည်းနည်းလောက်သာ အထောက်အကူပြုတယ်ဆိုတာ ရိပ်မိလာပါတယ်။

သူဟာ ရောဂါ ကုထုံးများနဲ့ ပတ်သတ်လို့ အယူသည်းလေ့မရှိပါဘူး၊ လက်တွေ့ စမ်းသပ်လေ့လာပြီး တွေ့ရှိရတဲ့အချက်အလက်ကိုသာ အလေးအနက်ထားပါတယ်။

ဒါကြောင့် ဟစ်ပိုကရေးတီးစ်ရဲ့ ဆေးပညာဟာ ထင်ရှားလာပါတယ်။ တစ်နေ့မှာ  အာတာဇာဇီဆိုတဲ့ ပါရှန် ဧကရာဇ်မင်းက သူရဲ့ တပ်မတော်ထဲမှာ ရောဂါများဖြစ်လို့ သူအား လာရောက် ကုသပေးရန်နဲ့ အခကြေးငွေကိုလည်း အဆမတန်ပေးပါမယ်လို့ ကမ်းလှမ်းခဲ့ဘူးပါတယ် ။ ဒါကိုသူက
 “ သိက္ခာနဲ့ငွေးကြေး မလှဲလယ်နိုင်ဘူး”ဟု ဆိုကာ  ရဲရဲတောက်
 ငြင်းဆန်ခဲ့ပါတယ်။ အဲဒီလို ငြင်းဆန်းနေတဲ့ ပုံကို ပြင်သစ် ပါရီမြို့က ဆေးတက္ကသိုလ်တစ်ခုမှာ ချိတ်ဆွဲထားပါတယ်တဲ့။

ဟစ်ပိုကရေးတီးစ် ဆေးပညာ ပေါ်ပေါက်တာဟာ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကျော်
 လောက်ကဖြစ်ပါတယ်။ အဲဒီခေတ်ကတည်းက ခန္ဓာဗေဒ ဆေးကုသမှုဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါပြီး။ ဒါကြောင့် သူရဲ့ ဆေးပညာမှာ သမားတော်များနဲ့ ခွဲစိတ်တဲ့ ဆရာဝန်များ တာဝန်ကို ခွဲခြားထားပါတယ်။

သူဟာ ရောဂါရဲ့ ဇစ်မြစ်ကို လူ့ခန္ဓာကိုယ်နဲ့ ပတ်ဝန်ကျင်မှာ ရှာဖွေရမယ်လို့ ဆိုပါတယ်။ နတ်ဆိုးများကြောင့်ဆိုတဲ့ အယူဝါဒကို  အဲဒီခေတ်ကတည်းက သူ လက်မခံခဲ့ပါဘူး။

 သူ့တပည့်များကို အထူး သင်ကြားပေးတာကတော့ “ လူနာကို သေသေချာချာ စစ်ဆေးရမယ်၊
 ရောဂါလက္ခဏာကို သေသေ ချာချာ မှတ်တမ်းတင်ရမယ်လို့  ညွှန်ကြားပြီး။ ဒီမှတ်တမ်းတွေကပဲ
  ရောဂါကုထုံးတွေကို အထောက်အကူ ပြုနိုတယ်လို့ သူကဆိုပါတယ်။

ဟစ်ပိုကရေးတီးစ်က လူနာရောဂါ စစ်ဆေးတဲ့အခါမှာ လူနာရဲ့ မျက်စေ့နဲ့ အသားအရေကို ကြည့်ရမယ်၊ ခန္ဓာကိုယ်အပူရှိန်ကို စစ်ဆေးရမယ်၊  လူနာရဲ့ အစားအသောက်နဲ့ ဆီးဝမ်း စသည်တို့ သွားပုံကိုလည်း မေးမြန်းရမယ်၊ နေ့စဥ်ဆေးစစ်ရမယ်၊
 ဆေးမှတ်တမ်းပြုစုရမယ်။  လူနာရဲ့ ဂေါရာ အတိုးအဆုတ်ကို မှတ်တမ်းပြုရမယ်လို့ ဆိုပါတယ်။

သူဟာ .. ဗုဒ္ဓတရားတော်များနှင့်အညီ ရာသီဥတု အပြောင်းအလဲနဲ့လူများ ခံစားရတဲ့ ရောဂါတို့ ဆက်စပ်နေတာကိုလည်း  ယုံကြည်ပါတယ်။  စွတ်စိုတဲ့ ရာသီးမှာ နှာစီးချောင်းဆိုး  အဖြစ်များတယ် ဆိုတာမျိုးပေါ့။
ထိုအပြင် ရာသီအပြောင်းအလဲနဲ့ နက္ခတ်တာရာတို့ စပ်ဆပ်မှုရှိတာ ကိုလည်း လက်ခံပါတယ်။

ဒါကြောင့် ဆေးကျောင်းသားများရဲ့ လေ့လာရတဲ့ သင်ရိုးညွှန်းတမ်းမှာ နက္ခတ်တာရာများ အကြောင်း ရာစုနှစ် တော်တော်များများ ကတည်းက ပါဝင်နေခဲ့ပါတယ်။

သူဟာ  သမာတော်များရဲ့ အဆင့်အတန်း မြင့်မားဖို့နဲ့ လူအများက လေ့စားဖို့ကိုလည် မျှော်လင့်ပါတယ်။
ဆရာဝန်များဟာ လူနာကို စစ်ဆေးပြီးရင် ဘယ်လိုလက္ခဏာ ဆက်ပြီး ဖြစ်ပေါ် လာနိုင်တယ်။ ဘယ်လိုခံစားရမယ် ဆိုတာကို ကြိုတင် ပြောထားသင့်ပါတယ်တဲ့။  ဒါမှသာ သမာတော်ဟာ ရောဂါကို မှန်မှန်ကန်ကန် ဆုံးဖြစ်နိုင်တယ်။ ရောဂါကို ကုသနိုင်မယ်လို့  လူနာက ယုံကြည်ပါလိမ့်မယ်တဲ့။

သူ့ဆေးပညာအရ..သဘာဝကိုက ဝတဲ့သူများဟာ သေးဆုံးမှုနှုန်း ပိုများတယ်။  အိုမင်းသူများဟာ ငယ်ရွယ်သူလောက် မစားသင့်တောဘူး၊ ဆောင်းမှာ အစာပိုစားပြီး၊ နွေမှာ လျော့စားရမယ်၊ ပိန်တဲ့ သူက နည်းနည်းပဲစားနိုင်ရင် အဆီပါတာကို စားပါ။ ဝတဲ့သူက များများ စားရင် အဆီးနည်းတာကို စားပါလို့ ညွှန်ပြထားပါတယ်။

ဒေါက်တာမတင်ဝင်း၏ ထူးချွန်သူတို့၏ နုတ်ထွက်စကားမှားမှ  ကောက်နုတ်ချက်

Hippocratic Oath
ကျွုနှုပ်သည် ယခုကျိန်ဆိုသော ဤသစ္စာကို ထိမ်းသိမ်းစောင့်
 ရှောက်ပါမည်။ ကျွုန်ုပ်အစွမ်းအစ၊ ကျွုနှုပ် အဆုံးအဖြတ်နှင့်အညီ မကျန်းမာသူများကို ကုသပါမည်။ မမှန်ကန်သော စေတနာဖြင့် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အန္တာရာယ်ရှိသောဆေးများကို ( တောင်းဆို့သည်တိုင်) ညွှန်းဆိုမည် မဟုတ်ပါ။

မည်သည့်အိမ်သို့ဝင်သည်ဖြစ်စေ မကျန်းမာသူများကို ကုသရန်သာ ဝင်ရောက်ပါမည်။ ကျွုန်ုပ် အသက်မွေးဝမ်းကြောင်းမှု
 နှင့်ပတ်သတ်၍ မြင်သမျှ ကြားသမျှ ကိစ္စများတွင် ထုတ်ဖော်ပြောဆိုရန် မသင့်ပါက ထုတ်ဖော်ပြောဆိုမည်း မဟုတ်ပါ။


I will apply dietetic measures for the benefit of the sick according to my ability and judgment; I will keep them from harm and injustice.

I will neither give a deadly drug to anybody if asked for it, nor will I make a suggestion to this effect. Similarly I will not give to a woman an abortive remedy. In purity and holiness I will guard my life and my art.

I will not use the knife, not even on sufferers from stone, but will withdraw in favor of such men as are engaged in this work.
Whatever houses I may visit, I will come for the benefit of the sick, remaining free of all intentional injustice, of all mischief and in particular of sexual relations with both female and male persons, be they free or slaves.

What I may see or hear in the course of the treatment or even outside of the treatment in regard to the life of men, which on no account one must spread abroad, I will keep to myself holding such things shameful to be spoken about.

If I fulfill this path and do not violate it, may it be granted to me to enjoy life and art, being honored with fame among all men for all time to come; if I transgress it and swear falsely. may the opposite of all this be my lot
( Wikipedia)

No comments:

Post a Comment