Saturday, August 11, 2012

ဝေးဝေးက ရှောင်ရမည့်သူ....





ရှေးရှေးတုန်းက မင်းသားချောလေး တစ်ယောက်ရှိခဲ့တယ်။ မင်းသားလေးဟာ မိတ်ဆွေအားလုံး အပေါ်မှာ ကြင်နာ သနားတတ်ပြီး ရင်းရင်းနှီနှီး ဆက်ဆံတယ်။ တိရိစ္ဆာန်တွေကိုလည်း မိတ်ဆွေရင်းလို ဆက်ဆံတယ်။ မင်းသားလေမှာ အလွန်းနှစ်သက်တဲ့ မျောက်ကလေးတစ်ကောင် မွေးထားတယ်။    မင်းသာလေး ဘယ်ကိုသွားသွား မိတ်ဆွေ မျောက်ကလေးကို မေ့လေ့မရှိဘူး ကောင်းကောင်း မွန်မွန် ပြုစုတယ်။


မင်းသားလေးဟာ မွေးထားတဲ့ မျောက်ကလေးကို လှပတဲ့ ဝတ်စုံလေးနဲ့ ရွှေဖိနပ်တစ်ရံ ဝယ်ပေးထားတယ်။ မင်းသားနဲ့ မျောက်ကလေးတို့ဟာ သိပ်ပြီးခင်မင်ရင်းနှီကြပြီး အတူသွား ၊ အတူလာ၊ အတူစား၊အတူကစား၊ အတူပဲ အိပ်ကြသတဲ့။

မျောက်ကလေးကလည်း မင်းသားလေးကို သိပ်ချစ်တယ်။ မင်းသားလေး ဘယ်ကိုသွားသွား ကာကွယ်   စောင့်ရှောက်ဖို့ နောက်မှ အမြဲလိုက်လေ့ရှိပါတယ်။ တစ်ယောက်ယောက်က မင်းသားလေးကို ရိုင်းရိုင်းပြပြ ဆက်ဆံတဲ့အခါ .. မျောက်ကလေးက ဟိန်းဟောက်လေ့ရှိပြီး၊ တစ်ယောက်ယောက်က မင်းသားလေးကို ထိခိုက်တဲ့အခါ မျောက်ကလေးက ရန်သူအပေါ် ခုန်တတ်၍ ရန်မူတတ်ပါတဲ့။ မင်းသားလေး အိပ်နေရင် မျောက်ကလေးက မင်းသားလေးနဘေးမှ စောင့်အိပ်လေ့ရှိပါသတဲ့။

မင်းသားလေးနဲ့ မျောက်ကလေဟာ တစ်ယောက်ကို တစ်ယောက် ချစ်ခင်ကြင်နာကြလို့ လူတွေက “ အမြဲ အတူတွဲနေတဲ့ အပ်နဲ့အိပ်ချည်” လို့တောင်ခေါ်ကြတယ်။

တနေမှာ..   သူတို့နှစ်ယောက် ခရီးရှည်ထွက်ကြတယ်။ ခရီးတော်တော်ပေါက်ပြီးနောက် မြစ်ကလေးနားကို ရောက်ကြတယ်။ သူတို့ မြစ်ကို ဖြတ်ကူးဖို့ ဖောင်တစ်ခုကို ရှာကြတယ်။ မတွေ့ကြဘူးတဲ့။ မင်းသားလေးက ပင်ပန်းတာနဲ့ တခဏလောက် နားချင်လို့ မျောက်ကလေးကိုပြောပါတယ်။ “ သူငယ်ချင်း .. ငါပင်ပန်းလို့ သစ်ပင်ကြီး အရိပ်အောက်မှာ ခဏလောက်နားပါရစေ.. အိပ်နေစဉ် ဘယ်သူမှ မနှောက်ယှက်ပါစေနဲ့ ၊ ငါ့ရဲ့ ဓားကိုပေးထားမယ်။ ငါ့အပေါ်မှာတောင် မပျံသန်းပါစေနဲ့ ၊ တစ်ယောက်ယောက် နှောက်ယှက်ဖို့ ရန်စလာခဲ့ရင် သူတို့ကို ဆုံးမလိုက်ပါ” တဲ့။

မင်းသားလေးက ပင်ပန်းလို့ ခဏလေးမှာ အိပ်ပျော်တယ် ၊ မျောက်ကလေးကတော့ ဓားကိုထမ်းလို့ စောင့်ရှောက်တယ်။ အဲဒီနောက် မင်းသားလေ အိပ်တာ တစ်ခုခု အနှောက် အယှက်ဖြစ်နေတယ်လို့  မျောက်ကလေး သတိထားမိတယ်။ မင်းသားလေးဟာ အိပ်စဉ် ရင်ဘက်ကုတ်လိုက် ခေါင်းကုတ်လိုက်၊ နှာခေါင်းကုတ်လိုက်နဲ့ ကောင်းကောင်း အိပ်မရတာကို   တွေ့ရတယ်။ မျောက်ကလေးက သာသာလေး အနီးကပ်ကြည့်တော့ ယင်ကောင် တစ်ကောင်ကိုတွေ့ရတယ်။ မျောက်ကလေးဟာ လက်နဲ့ ဝှေ့ရန်သော်လည်း ယင်ကောင်လေးက   ပြန်လာတယ်။ နောက်တော့ သစ်ကင်းတစ်ခုနဲ့ ယင်ကောင်ကို မှောင်းထုတ်လိုက်ပါတယ်။ ယင်ကောင်းဟာ မောင်းထုတ်သော်လည်း ခဏအကြာမှာ မင်းသားလေးရဲ့ နှာခေါင်းမှာ လာရောက် နားပြန်တယ်။

“ ဘာ ဒုက္ခပေးနေတာလဲ .. မင်းလို့ မပြောပလောက် သေးငယ်တဲ့ ယင်ကောင်လေးက ငါ့ရဲ့သခင်းကို နှောက်ယှက်နေတယ်” လို့ သည်းမခံနိုင် ပေါက်ကွဲပါတော့တယ်။
ယင်ကောင်လေးဟာ အကြိမ်များစွာ မျောက်ကလေး မျက်နှာပေါ်မှာ လာနားတယ်။ မျောက်ကလေးဟာ ယင်ကောင်ကို ခြောက်ရင်လှန့်ရင်းနဲ့ ကိုယ်နှာခေါင်းကို ဓာနဲ့ဖြတ်မိတယ်။

မျောက်ကလေး ပိုပြီးစိတ်တို ဒေါသထွက်သွားတယ်။ ‘ ကောင်းပြီး မင်းက ငါကို စိန်ခေါ်တယ်ပေါ့ .. မင်းကို ကောင်းကောင်းဆုံးမရမယ်” လို့ ပြောလိုက်တယ်။ မျောက်ကလေးဟာ အသံပေးလို့ ငြိမ်သက်စွာပဲ မင်းသားလေးရဲ့ ကိုယ်ပေါ်မှာထိုင်ပြီး ယင်ကောင်ကိုစောင့်နေတယ်။ ယင်ကောင်ဟာ အသံပြုပြီး မင်းသားလေး ကိုယ်ပေါ်မှာ ဝဲပျံကာ ရင်အုတ်ပေါ်မှာ နားလိုက်တယ်။ မျောက်ကလေးဟာ စိတ်တိုတိုနဲ့ ဓားကို လက်နှစ်ဖက်ကိုင်မြောက်ကာ အားကုန်ပစ်လို့ ယင်ကောင်လေးကို ခုတ်ပိုင်းလိုက်တယ်။

မျောက်ကလေးရဲ့ ခုတ်ပိုင်းချက်ဟာ မင်းသားလေးရဲ့ ရင်အုတ်ကို ခုတ်မိပြီး သွေးတွေ ယိုစီးကာ ချက်ခြင်း မင်းသားလေး အသက်ထွက်ကာ သေသွားတယ်။

ဒီအဖြစ်အပျက်ကို မြင်တဲ့ မျောက်ကလေး ကြောက်လန့်ပြိး မျက်ရည်များတောင် စီးကျတယ်။ သခင် မင်းသားလေးရဲ့ မျက်နှာကို စိုက်ကြည့်စဉ်မှာ ယင်ကောင်လေးကတော့ ပျော်ရွှင်စွာပဲ သခင်ရဲ့ နှာခေါင်းပေါ်မှာ နားနေတာကို တွေ့ရတယ်။

ဒါကြောင့် ကလေးတို့ရေ…
မစဉ်စား မဆင်တတ်တဲ့ မျောက်လို လူ၊ အသိပညာနည်းပါသူကို.. ဝေးဝေးက ရှောင်ပါတဲ့..။

No comments:

Post a Comment