မည်သူကဲ့ရဲ့ ..ကဲ့ရဲ့ ..ကိုယ့်ကိုနဲ့ ဘုရား မကဲ့ရဲ့မိစေနဲ့.....
မြတ်စွာဘုရား လက်ထက်က “အတုလ” ဆိုတဲ့
ဒကာ တစ်ယောက်ရှိခဲ့ဖူးပါတယ်။ သူကတော့
ဘယ်ပုဂ္ဂိုလ်မှ အကောင်း မမြင်တတ်ပဲ.. လူတိုင်းကို ကဲ့ရဲ့တတ်တဲ့ လူဂွစား
တစ်ယောက်လို့ ဆိုရမယ်။
တစ်နေ့ မြတ်စွာဘုရားထံရောက်လာတယ်။ … အတုလ ဒီနေ့ “တရားနာပြီးပြီလား” လို့ မြတ်စွာဘုရားက မေးတော့.. ဒကာစိတ်ထဲမှာ မကြေမနပ်နဲ့.. “နာလာပါတယ်ဘုရား… အရှင်ရေဝတလည်း စကားနည်း၊ အရှင်သာရိပုတ္တရာကတော့ အဘိဓမ္မာတွေကြီး အများကြီးဟော ၊ အရှင်အာနန္ဒာ ကြတော့လည်း တရားနည်း နည်း ဟောနဲ့ အားမရပါဘူးဘုရား၊ ဒါကြောင့် အရှင်တွေကို စိတ်ဆိုးပြီး ဘုရားရှင်ထံ ရောက်လာတာပါ” ဟုလျှောက်ထားတော့..။
တစ်နေ့ မြတ်စွာဘုရားထံရောက်လာတယ်။ … အတုလ ဒီနေ့ “တရားနာပြီးပြီလား” လို့ မြတ်စွာဘုရားက မေးတော့.. ဒကာစိတ်ထဲမှာ မကြေမနပ်နဲ့.. “နာလာပါတယ်ဘုရား… အရှင်ရေဝတလည်း စကားနည်း၊ အရှင်သာရိပုတ္တရာကတော့ အဘိဓမ္မာတွေကြီး အများကြီးဟော ၊ အရှင်အာနန္ဒာ ကြတော့လည်း တရားနည်း နည်း ဟောနဲ့ အားမရပါဘူးဘုရား၊ ဒါကြောင့် အရှင်တွေကို စိတ်ဆိုးပြီး ဘုရားရှင်ထံ ရောက်လာတာပါ” ဟုလျှောက်ထားတော့..။
မြတ်စွာဘုရာက…
“ အတုလ….လောကကြီးမှာ အချို့ ဘုရင်ကိုလည်း ကဲ့ရဲ့ကြ ၊ချီးမွမ်းကြ၏၊ အချို့
နေ၊လ၊ မြေတို့ကိုလည်း ကဲ့ရဲ့ကြ ၊ ချီးမွမ်ကြ၏၊ ငါဘုရားကိုလည်း ကဲ့ရဲ့သူ ကဲ့ရဲ့ကြ
၊ ချီးမွမ်းသူ ချီးမွမ်းကြပဲ။ လူမိုက်တို့
ကဲ့ရဲ့သည်မှာ လိုရင်းမဟုတ် ပညာရှိများ မကဲ့ရဲ့အောင်နေပါ။ ကဲ့ရဲ့ခြင်း သဘောတရားသည်
ခုခေတ်မှ ပေါ်ပေါက်လာခြင်းမဟုတ် ရှေးလက်ဟောင်း သဘောတရား ဖြစ်တယ၊် စကားမပြောသူကိုလည်း
- တုဏှီဘောဟု ကဲ့ရဲ့ကြ၊ စကားများသူကိုလည် - လူပေါကြီးဟု ကဲ့ရဲ့ကြ၊ နှိုင်းနှိုင်းချိန်ချိန်
ပြောတတ်သူကို လည်း -ဆရာကြီးလုပ်သည်ဟု ကဲ့ရဲ့တတ်ကြတယ်။ လောကမှာ .. အကဲ့ရဲ့လွတ်သူ
မည်သူမှ မရှိ ၊ ရှေးကလည်းမရှိ၊ နောက်လည်းမရှိခဲ့ ။ ယခုလည်း ရှိမည်မဟုတ်” ဟု
ကဲ့ရဲ့ဖြေဆေး ပေးတော်မူပါတယ်။
( ဓမ္မပဒ )
ရဟန်းတစ်ပါး
မြတ်စွာဘုရားလက်ထက်က… ရဟန်းတစ်ပါး အိမ်မှာ ဆွမ်းခံကြွရင်းနဲ့
အိမ်ရှင်တွေနဲ့ တရင်းတနှီး ခင်မင်လာကြတယ်၊ နောက်တော့ ရဟန်းတော်က.. တရားတွေ
အားထုတ်လို့ ကိလေသာကင်းစင် ရဟန္တာအရှင်တောင်ဖြစ်သွားပါပြီ။
ရဟန်းတစ်ပါး ထိုအိမ်၌ ရင်းရင်းနှီးနှီး
ဝင်ထွက်သွားလာနေတာကို မြင်တဲ့
နတ်သားတစ်ယောက်က.. ရဟန်းရဲ့ ပျက်စီးမှုကို မလိုလားလို့ .. အိမ်ရှင်ဒကာမယောင်ဆောင်ကာ..
“ အရှင်ဘုရား… မြစ်ဆိပ်၊ မြို့ဝ၊လမ်းမတွေမှာ အရှင်ဘုရားနဲ့ တပည့်တော်တို့အကြောင်း
ဘာလိုလို ညာလိုလိုပြောနေကြတယ်” ဘုရားလျှောက်ထားတော့..၊ ရဟန်းတော်ကလေးပြန်အမိန့်ရှိတာက.. “ ဆန်ကျင်ဖက်
ပဲ့တင်ထပ်သော အသံတို့ကား များပေစွ၊
ရဟန်းတို့မည်သည် အသံကိုခံနိုင်စွမ်းရှိရမည်၊ အသံကြောင့်
တုန်လှုပ်ခြောက်ခြားခြင်းမဖြစ်ရ၊ တောထဲ၌ ..လေတိုက်တိုင်း လန့်သော သမင်လို အသံကို
လန့်သော ရဟန်းကို စိတ်ပေါ့သူဟု ဆိုကြ၏ ၊ ထိုရဟန်းမျိုးအား အကျင့်မပြည့်စုံနိုင်ပါ” ဆွမ်းဒကာမယောင် ဆောင်ကာ စွတ်စွဲပြောဆိုသော နတ်းသာအား မိန့်ကြားတော်မူပါတယ်။
( သဂါထာဝဂ္ဂ)
ဤရဟန်းလေးကို စံနမူနာယူ၍ ..လောက၌
ကဲ့ရဲ့သံကို .. သတိထားနေလလျှင် ဘာမှ အလုပ်မဖြစ်.. အလုပ်ပျက်ရုံသာ ..၊ မိမိကိုယ်ကို
စစ်ဆေးကြည့် ၊ ဘုရားတရာတော်တွေနဲ့ စစ်ဆေးကြည့်.. အပြစ်မရှိရင် ဆက်လုပ်နိုင်ပါတယ်။
အကဲ့ရဲ့ လွတ်အောင်၊ ကဲရဲ့သော်လည်း သည်ခံ၊ ခွင့်လွတ်တင်ခြင်းသည်မင်္ဂလာ
No comments:
Post a Comment