နိဗ္ဗာန်ဆိုတာ.. ဆင်းရဲဒုက္ခအဖုံဖုံ
ကြုံတွေ့နေရတဲ့ ဘဝ၊ မွေး၊ သေ လည်ပတ်နေရတဲ့
သံသရာမှ လွတ်မြောက်သွားပြီး ထာဝရငြိမ်းချမ်းမှု ၊ အေးချမ်းမှု၊ ချစ်သာရာ အစစ်အမှန်လို့
ကျမ်းဂန်တွေမှာ ဆိုပါတယ်။
ဒီနိဗ္ဗာန်ချမ်းသာကိုတော့… ငါးပါးအာရုံ
ကာမဂုဏ်တွေကို စွန့်ခွါ ၊ တက်မက် စွဲးလမ်းတတ်တဲ့ တဏှာတွေကို တွန်းလှမ်နိမ်နှင်းခြင်း
မဂ္ဂင်ကျင့်စဉ်ဖြင့်သာ ရရှိ ၊ ရောက်ရှိနိုင်ပါတယ်။
ဒီအဆင့်ကို ရောက်ရင်တော့.. ဘဝသံသရာ မကျင်လည်ရတော့ပဲ .. သဘာဝအရ..
မျိုးဖြစ်စဉ် ဗီဇ ဘဝရင်းမြစ် ပြတ်တောက်ပြီး ဘဝဆင်းရဲ ဒုက္ခတွေကို အဆုံးသတ် ၊ ကုန်ဆုံးသွားမှာပါ။
ဒီနိဗ္ဗာန်ချမ်းသာဟာ ဗုဒ္ဓဘာသာတွေကို ယုံကြည်ထားတဲ့
ထာဝရ လွှတ်မြောက်ခြင်းပါ။
ဗုဒ္ဓဘာသာ နိဗ္ဗာန်ဟာ .. ကောင်းကင်ဘုံမှာ
ထာဝရဘုရား ဖြစ်သွားခြင်း မဟုတ်သလို၊ ဝိညာဉ်လေးဟာလည်း ထာဝရ ကောင်းကင်ဘုံမှာ ထာဝရအေးချမ်းမှု
ရရှိသွားခြင်းမျိုးလည်း မဟုတ်ပါ။
ဘုရား ၊ ရဟန္တာတွေမှာ ဒီဘဝကုန်းဆုံးတာနဲ့ နိဗ္ဗာန်စံဝင်ကြပြီး။
အနာဂါမ် စတဲ့ လုံးဝမပြီးဆုံးသေးတဲ့ သူတော်စဉ်တွေမှာ ကျန်ရှိတဲ့ ကိလေသာတွေကို ကုန်အောင်
ကြိုးစား အားထုတ်ရင်းနဲ့ နိဗ္ဗာန်စံဝင်ကြရမှာပါ။
တချို့သူတော်စဉ်တွေမှာ
လက်ရှိ ပစ္စုပ္ပန်ဘဝမှာပင်..
ဖလသမာပတ်ဝင်စားခြင်း ( စိတ်အေးချမ်းမှုဖြင့် မတုန်မလှုပ် ငြိမ်းနေခြင်း)ဖြင့် နိဗ္ဗာန်ချမ်းသာကို
ရက်အပိုင်းအခြားဖြင့် တခဏတာ တွေ့မြင်ခံစား နိုင်ပါတယ်။ ထာဝရ နိဗ္ဗာန်ကတော့ ဘဝခန္ဓာ ချုပ်ငြိမ်းသွားတာနဲ့
တွေ့မြင်းခံစားကြရမှာပါ။
နိဗ္ဗာန်ချမ်းသာကတော့ ဗုဒ္ဓဘာသာဝင်တို့ရဲ့
နောက်ဆုံးပန်းတိုင်ပါ။
ကူညီ၊ ပေးကမ်း ၊မျှဝေခြင်း ၊
ကိုယ်ကျင့်သီလစောင့်ထိမ်းခြင်း ၊ ဘာဝနာကိုပွားများခြင်း စသော ဗုဒ္ဓလမ်းညွှန်ထားသော
မဂ္ဂင်ကျင့်စဉ်များဖြင့် .. မဂ်ဥာဏ်
၊ဖိုလ်ဥာဏ် အဆင့်ဆင့်ရောက်သူ သူတော်စဉ်တိုင်း နိဗ္ဗာန်ချမ်းသာကို တွေ့မြင်ခံစား နိုင်ပါတယ်။
သီလမဂ္ဂင်လို့ခေါ်တဲ့ ကိုယ်ကျင့်တရားကတော့ ..
ဘာဝနာပွားများရာမှာ အဓိက အရေးကြီးတဲ့ ကျင့်စဉ်၊ အောင်မြင်ဖို့ရာ အဓိကကျတဲ့
စိတ်ဓာတ်ဖြူစင်ရေး ကျင်စဉ်ပါ။
မိမိကိုယ်ပိုင် ဥာဏ်ပညာဖြင့် ..
ရည်မှန်ချက်နှင့် ပန်းတိုင်ကို ယုံကြည်မှုရှိပြီး သတိ၊ဝိရိယတို့၏ ပံ့ပိုးမှုဖြင့်.. အသိဥာဏ်ပညာ တဆင့်ထက်
တဆင့်မြင့်တက်လာကာ နိဗ္ဗာန်ချမ်းသာကို
တွေ့မြင်ခံစား နိုင်တဲ့ မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်တွေရရှိမှာပါ ။ ဗုဒ္ဓဘာသာဝင်များအဖို့ နိဗ္ဗာန်ချမ်းသားကို တွေ့မြင်ခံစားရခြင်းဟာ
မင်္ဂလာဖြစ်ပါတယ်။
လူငယ်များအတွက်.. လောက ..ချမ်းသာရေး နည်းစနစ်..
ဗုဒ္ဓလမ်းညွှန်ခဲ့တဲ့ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ကျင့်စဉ်ဟာ
သိပ်ကောင်းပါတယ်။ လောကမှာ အောင်မြင့်အောင်
ကြိုးစား အားထုတ်နေတဲ့ လူငယ်များအဖို့လည်း လိုက်နာ ကျင့်ကြံသင့်သော လမ်းညွန်ချက်များဖြစ်ပါတယ်။
ဖြောင့်မတ် ၊ တည်ကြည်၊ မှန်ကန်မှုများဖြင့်သာ ခိုင်မြဲသောဘဝကို တည်ဆောက်နိုင်
နိုင်ငံရေး၊ စီးပွားရေး ၊ အနုပညာ ၊ လူမှုဆက်ဆံရေး
စသော ကိစ္စအားလုံးအတွက် ဖြောင့်မတ် တည်ကြည်ခြင်းစသော မဂ္ဂင်ကျင့်စဉ်များသည် ခေတ်မှိ ဖွင့်ဖြိုးသော ခေတ်တွင် ပို၍ပို၍
အရေးကြီး လာပါပြီ။
မရိုးသားသူ၊ လိမ်လည်သူ၊ ကောက်ကျစ်သူ၊ တချိန်က
ကြီးပွားခဲ့သော်လည်း တခဏသာ ဖြစ်ပြီး ၊ လောကအလယ်မှာ တင့်တင့်တယ်တယ် ထည်ထည်ဝါဝါ ကျက်သရေရှိရှိ
မရပ်တည်နိုင်ပါ
ဆက်သွယ်ရေး မီဒိယာ ခေတ်ပြောင်းလာတာနဲ့
လိမ်သူများ ၊ လူပါး ၊ လူနပ်များအတွက် အောင်မြင်ရေး နည်းလမ်း သိပ်မရှိတော့။
Technology တိုးတက်လာသည်နှင့်အမျှ မသမာသောနည်း ၊
မတရားသောနည်း ၊ ပျံကျသောနည်း တို့ဖြင့် စီးပွားရှာသူများ တနေ့တခြား
ဆုံးရှုံး ပျက်စီးသွားကြသည်ကို သတင်းမီဒီယာ တွင် နေ့စဉ် နေ့ တိုင်း တွေ့ မြင်ရကြပါတယ်။
ယနေခေတ် စီးပွားရေးလောကတွင်.. ရိုးသားမှု၊
ဖြောင့်မတ်မှု၊ မှန်ကန်မှု၊ အရည်အသွေး ကောင်းမွန်မှု ၊ ခိုင်ခံမှု၊ ဈေးနှုန်းချိုသာမှု စသော
ရိုးဂုဏ်များဖြင့်သာ အောင်မြင်မှု ရနိုင်ပါတယ်။
ဒါကြောင့် အောင်မြင်ကြီးပွားလိုသော .
ခေတ်လူငယ်များ.. ချမ်းချမ်းသာသာ နေလိုကြသော ခေတ်လူငယ်များ .. မရိုးနိုင်သော ဗုဒ္ဓလမ်းညွန်ချက်ဖြစ်သည့်..
ဖြောင့်မတ် ၊ တည်ကြည် ၊ မှန်မှန်ကန်ကန် ၊ ကြိုးစားမှုများဖြင့်သာ လောက ချမ်းသာကို
တွေ့မြင်ခံစား နိုင်ကြောင်းပါ။
No comments:
Post a Comment