လူသားတိုင်း
လောကကြီးမှာ လောကဥပဒေ ၊ လောကသဘာဝဓမ္မတွေနဲ့ လိုက်လျှောညီထွေ နေထိုင်နေကြရပါတယ်။ အနိမ့်- အမြင့်ဆိုတဲ့ လောကဓံဟာ လူသားတိုင်းတွေရကြုံ ခံစား ရတတ်ပြီး ဒီလောကဓံတွေကို တချို့မတုန်မလှုပ် ကောင်းကောင်း ကိုင်တွယ် ဖြေရှင်းနိုင်ပေမယ့်၊ တချို့ တုန်လှုပ်ပြီး
ဘဝပျက်သွားရသူတွေ ဒုနှင့်ဒေးပါ။
လောကကြီးမှာ လောကဥပဒေ ၊ လောကသဘာဝဓမ္မတွေနဲ့ လိုက်လျှောညီထွေ နေထိုင်နေကြရပါတယ်။ အနိမ့်- အမြင့်ဆိုတဲ့ လောကဓံဟာ လူသားတိုင်းတွေရကြုံ ခံစား ရတတ်ပြီး ဒီလောကဓံတွေကို တချို့မတုန်မလှုပ် ကောင်းကောင်း ကိုင်တွယ် ဖြေရှင်းနိုင်ပေမယ့်၊ တချို့ တုန်လှုပ်ပြီး
ဘဝပျက်သွားရသူတွေ ဒုနှင့်ဒေးပါ။
ဒီလိုဖြစ်ရတာဟာ
လူသားတစ်ယောက် အသိပညာနဲ့ စိတ်နေသဘောကို မူတည်ပြီး အကျိုးဆက်တွေ ခံစားရတာပါ။
လောကကြီးမှာ မည်သူမှ ရှောင်လွဲလို့ မရတဲ့
လောကဓံတွေကတော့…
·
၁။ လောဘ လိုချင်တာကို
ရခြင်း
·
၂။ အလောဘ လိုချင်တဲ့
အခါမရခြင်း
·
၃။ ယသ အပေါင်းအသင်းမိတ်ဆွေ
ပေါများခြင်း
·
၎ အယသ မိတ်ဆွေများကို
စွန့်လွှတ်သွားခြင်း
·
၅ နိန္ဒာ ကဲ့ရဲ့
ပြစ်တင်ခံရခြင်း
·
၆ ပသံသာ ချီးမွမ်းခံရခြင်း
·
၇ သုခ ချမ်းသာခြင်း
·
၈ ဒုက္ခ ဆင်းရဲခြင်း
တို့ဖြစ်ပါတယ်။
ဒီအကောင်းအဆိုး လောကဓံတွေနဲ့ ကြုံတွေ့ရတဲ့အခါ…
စိတ်ကြီးလည်း မဝင်ပါနဲ၊ စိတ်ကြီးလည်း မဆင်ပါနဲ့။
လူသားတိုင်း မိမိတို့ရဲ့ ကံ၊ ဥာဏ် ၊ ဝိရီယကို
အခြေခံလို့ ဒီလောကဓံ ရှစ်မျိုးကို
နည်းမျိုးစုံနဲ့ တွေ့ကြုံခံ စားကြရမှာပါ။ ဒီကံ ၊ ဥာဏ် ၊ ဝိရီယတွေက ဘဝမှာ အောင်မြင်မှု့ ၊
ဆုံးရှုံးမှု့တွေကို အဓိက ဆုံးဖြတ် ပေးမယ့် အချက်တွေပါပဲ။ ပုထုဇဉ်လူသား တစ်ယောက်အနေဖြင့် အတိတ်ကံကို
ပြုပြင်လို့ မရပေမယ့် ပညာ နှင့် ဝီရီယကတော့ ပြုပြင်လို့ ရပါတယ် ၊ ဒါကြောင့် ဘဝမှာ
အဆင်မပြေတိုင်း ၊ ကျရှုံးတိုင်း အတိတ်ကံကိုပဲ ပြစ်တင်မနေပဲ ပညာနဲ့ ဝီရိယကို
သင့်တင့်အောင် အသုံးချပြီး အောင်မြင်မှုတွေ ရယူနိုင်ပါတယ်။
မိမိတို့ရဲ့ စိတ်ထဲမှာ ထားရှိရမယ့်
သဘောတရားကတော့…. အောင်မြင်ခြင်း- ရှုံးနိမ့်ခြင်းဟာ ထာဝရ အမြဲတည်ရှိ မနေဘူး ဆိုတာပါပဲ။
ကလေးများ လောကဓံကို ရင်ဆိုင်နိုင်ဖို့…
စာမေးပွဲအောင်ခြင်း ၊ ရှုံးခြင်း၊
အဝတ်အစားပေါခြင်း ၊ မပေါခြင်း၊ မိဘအခြေအနေလိုက်၍ ချမ်းသာခြင်း ၊ ဆင်းရဲ့ခြင်း
ကြုံတွေ့ရတဲ့အခါ..
အကောင်းလောကဓံနဲ့တွေ့လို့ တခြားကလေးများ အပေါ် မော်မော်ကြွာကြွား
စော်စော်ကားကား မလုပ်ပါနှင့်၊ အဆိုးလောကဓံနှင့်တွေ့၍လည်း အားမငယ်ပါနှင့်၊
ငယ်ရွယ်စဉ်က အောက်ကျ နောက်ကျနေရသော်လည်း ပညာကိုသား ကြိုးစာ၊ လူကြီး ၊မိဘ ၊ ဆရာသမားများ
စကားနားထောင်လျှင် ကြီးသည့်အခါ အထက်တန်း ရောက်နိုင်ပါသေးတယ်။
ငယ်ရွယ်စဉ်က အထက်တန်းကျသော်လည်း လူမိုက်နှင့် ပေါင်းမိပါက.. ခွေးကျ၊ ဝတ်ကျ
အောင်တန်းကျတတ်ပါတယ်။
ဒီစိတ်နေသဘောတရားဟာ သိပ်အရေးကြီးပါတယ်။ ဒါမှသာ
တွေ့ကြုံခံစားရတဲ့ လောကဓံတွေကို နည်းပေါင်းစုံနဲ့ သည်းခံပြီး
ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
အရိယာသူတော်စဉ်တွေမှာတော့.. သည်းခံနိုင်စွမ်းရည်မြင့်မားတဲ့အတွက် အနှိမ့်
အမြင့် လောကဓံ တရားတွေ အပေါ်မှာ မတုန်လှုပ်ပါဘူး။ အရိယာသူတော်စဉ်တွေဟာ .. စိတ်ထိခိုက် ၊
အနှောက်အယှက် လုပ်သူတွေ အပေါ် နည်းပေါင်းစုံနဲ့ ခွင့်လွှတ်နိုင်စွမ်း မေတ္တာတွေ
သူတို့မှာ အပြည့်အဝရှိပါတယ်။
ပုထုဇဉ်
လူသားတစ်ယောက်အနေနဲ့ အရိယာသူတော်စဉ်တွေလို သည်းခံ ခွင့်လွှတ်နိုင်စွမ်းရည်
မရှိသေးပေမယ့်.. ဒေကာနယ်ဂျိရဲ့ စိတ်ထားလောက်ဆိုရင် .. ကျော်လွှား နိုင်ပါပြီ၊ သူ့ရဲ့အဆိုက..
“You many not be saintly enough to love your enemy, at least forgive and forget”
တဲ့
အရိယာသူတော်စဉ်တွေလို့ ရန်သူအပေါ်မှာ မေတ္တာမထားနိုင်သေးပေမယ့် ၊ သည်းခံ၊မေ့နိုင်စွမ်းတော့ရှိပါတဲ့။ ဒါကတော့ စိတ်ထားမြင့်မြတ်သူတွေရဲ့ သဘောကို
ပြတာပဲ မဟုတ်လား။
မင်း.. တစ်ကြိမ်းကျရှုံးပေမယ့် ..
အောင်မြင်ဖို့အတွက် နောက်တစ်ကြိမ် ကြိုးစားပိုင်ခွင့် ရှိပါသေးတယ်။ မင်း… ယုံကြည်ချက်တွေ စွန်လွှတ်လိုက်တဲ့
အချိန်ဟာ .. မင်း လုံးဝ ရှုံနိမ့်သွားတဲ့အချိန်ပဲ။
ဒါကြောင့် မြတ်စွာဘုရားက.. လောကဓံ အနိမ့်အမြင့်တွေ
အပေါ်မှာ နည်းစုံနဲ့ ရင်ဆိုင်ဖြေရှင်း နိုင်ခြင်းဟာ မင်္ဂလာပါတဲ့။
No comments:
Post a Comment