Tuesday, February 28, 2012

ကြောက်ရွံ့ခြင်းမှ ကင်းဝေးအောင် ( ခေမံမင်္ဂလာ)


ကြောက်ရွံ့ခြင်းဆိုတာ..
 ဘေးအန္တရာယ်တွေနဲ့ ဆက်စပ်နေတဲ့ လှုံခြုံမှုမရှိခြင်း၊  စိတ်ပူပန်ခြင်း သဘောတရားတွေမှ တွေ့မြင်ခံစားရတဲ့ စိတ်ခံစားမှု တစ်မျိုးပါ။ 

အကြောက်တရားဟာ ..
 ကြောက်ရွံ့တတ်တဲ့လူတိုင်းကို..  ဖြစ်ပေါ်လာမယ့် ဘေးအန္တရာယ်ဖြစ်စရာတွေ၊ ပူပန်းစရာတွေနဲ့ စိတ်မချမ်းသာအောင် အမြဲတမ်း ခြိမ်းခြောက်နေပါလိမ့်မယ်။

ဒီအကြောက်တရားဟာ… 
ကြင်နာစိတ်ကင်းမဲ့သော ..တုန်လှုပ်ခြောက်ရှားတတ်တဲ့ မိမိပင်ကိုယ် စိတ်ရင်းကြောင့်ဖြစ်ပေါ်လာရတာပါ။  တည်ငြိမ်သောစိတ် ၊ ကြင်နာသောနှလုံးသား ရှိသူထံမှာ  ကြောက်ရွံ့ခြင်းတရားတွေ မရှိတတ်ပါဘူး။


အကြောက်တရားတွေဖြစ်လာပြီးဆိုရင် …
 နည်းမျိုးစုံနဲ့ တုန့်ပြန်တော့တာပါပဲ၊ တချို့ ပြန်လှန် တိုက်ခိုက် ပြောဆိုခြင်းဖြင့် တုန့်ပြန်တတ်ပါတယ်။ ဒီသဘောတရားဟာလည်း လူတွေရဲ့ သဘော သဘာဝ တုန့်ပြန်ရိုးထုံးစံပါ။ မွေးရာပါ သတ္တဝါတိုင်းရဲ့ ဖိအားပေးမှုအပေါ် တုန့်ပြန်မှု သဘေားတရားလို့ ဆိုနိုင်ပါတယ်။ 
တကယ်လို့ မိမိဟာ.
. ကြည်လင်တဲ့စိတ်.. တည်ငြိမ်တဲ့စိတ်ထားရှိမယ်ဆိုရင်..  သင့်တော်တဲ့ နည်းလမ်းတွေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းတွေကို ကြာဖွေတွေ့ရှိမှာပါ။

အကြောက်တရားတွေကို  
အကြောင်းအကျိုး ဆင်ခြင်တက်တဲ့ပညာ၊ ရင်ဆိုင်နိုင်တဲ့ သတ္တိ ၊ သည်းခံခွင့်လွတ်တတ်တဲ့ ခန္တိတရားတွေနဲ့  ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။  ဒီလိုမှ မဟုတ်ရင်တော့  ကြောက်လို့ နောက်ဆုတ်ပြီး အရှုံးပေးချင်ပေးမယ်၊ အကြောင်းအကျိုးမဆီလျော်တဲ့ တုန့်ပြန်မှုတွေနဲ့ ပြန်လည် တုန့်ပြန်တတ်ပါတယ်။

မိမိကိုယ်ကိုယ် ယုံကြည်တဲ့သူ ၊ တည်ငြိမ်တဲ့သူဟာ  ယခုကော နောင်ပါ  ကြောက်ရွံ့ခြင်း ကင်းပါလိမ့်မယ်။  သူဟာ ဘယ်တော့မှ သူစိတ်ကို လွှတ်မထားပဲ ၊ ဘယ်အခြေအနေရောက်ရောက် သတိရှိနေတတ်ပါတယ်။ 

ဘုရား ၊ရဟန္တာသူတော်စဉ်တွေမှာ
 တည်ငြိမ်အေးချမ်းတဲ့စိတ် .အခြေအနေအားလုံးကို သတိနဲ့ စောင့်ကြည့်တတ်တဲ့စိတ်တွေကြောင့်    သေခြင်းသဘောတရားတွေ ၊ သေခြင်း၊ နာခြင်းရဲ့ဆင်းရဲ့ ဒုက္ခတွေ မကြောက်တတ်ပါဘူး။

 သူတော်စဉ်တွေမှာလည်း
 လွတ်မြောက်ခြင်း လမ်းစတွေကိုတွေရှိ ပြီးသားမို့ပါ။  သူတော်စဉ်တွေဟာ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် တည်တည်ငြိမ်ငြိမ် အေအေးချမ်းချမ်း မတုန်မလှုပ် နေလေ့ရှိပါတယ်။ သူတော်စဉ်တွေရဲ့စိတ်ဟာ  လွတ်မြောက်ရာလမ်းတွေ၊ လွတ်မြောက်ရာ နိဗ္ဗာန်ကို အာရုံပြုနေတတ်ပါတယ်။

ဒါဟာ သူတော်စဉ်တွေရဲ့
 ကြောက်ရွံ့ခြင်းတရားတွေကို တုန်ပြန်တတ်တဲ့သဘောတရားပါ။ သူတော်စဉ်တွေဟာ ကြောက်ရွံ့ခြင်း ၊ ပူပန်ခြင်းမရှိဘဲ သတ္တိရှိရှိ ဘယ်အခြေအနေမဆို ရင်ဆိုင်နိုင်စွမ်း ရှိပါတယ်။

သူတော်စဉ်တွေဟာ  ပြဿနာ အခက်အခဲတွေနဲ့ ရင်ဆိုင်တွေ့ကြုံရပြီဆိုရင်
 ကြောက်ရွံ့ခြင်းမရှိပဲ အကောင်းမြင်နဲ့ လက်လျော့ပြီး ၊ ဒီအကြောင်း တရားတွေရဲ့  ဖြေရှင်းနည်းတွေကို ရှာတတ်ပါတယ်။ သူတို့ကျဆုံးစေဦးတော့..  တုန်လှုပ်ခြောက်ခြားမှုမရှိပဲ တည်တည်ငြိမ်ငြိမ်းပဲ တုန့်ပြန်တတ်ပါတယ်။ ဒါဟာ သူတော်စဉ်တွေရဲ့  လောက အခြေအနေအားလုံး အပေါ်မှာ ရင်ဆိုင်ဖြေရှင်း နည်းပါပဲ။
ဒါကြောင့်
 အကြောက်တရားမှ ကင်းဝေးခြင်းဟာ သတ္တိရှိပြီး မြင့်မြတ်တဲ့သူတော်စဉ်တွေရဲ့လမ်းစဉ်ပါပဲ၊  မြတ်စွာဘုရား က ကြောက်ရွံ့ခြင်းမှ ကင်းဝေးခြင်းသည် မင်္ဂလာတစ်ပါး ဟု ဟောကြား ခဲ့ပါတယ်။
သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားတော်ဆက်ရန်

No comments:

Post a Comment