Tuesday, January 18, 2011

Dhamma School သင်တန်းသားလေးများအတွေး (၁)

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကလေးတွေများတာနဲ့ ကလေးများ အတန်း နှစ်တန်းခွဲသင်ရပါတယ်။ အကြီးကလေးများကို ဆရာမက သင်ကြားပြီး၊ ၅ နှစ် ၆ နှစ်ကလေးများကို စာရေးသူမှ သင်ကြားရပါတယ်။


စာရေးသူမှ ကလေများ ပျော်ရွှင်စေရန် ထိုင်းဘုရား၊ သိရီလင်္ကာဘုရား ၊ တရုတ်ဘုရား ၊ ဂျပန်ဘုရား ပုံစံမျိုးစုံကို အရောင်းချယ်ခိုင်း၍ မြတ်ဗုဒ္ဓအကြောင်းကို ရှင်းပြနေစဉ် ကလေးတစ်ယောက်မှ ထ၍မေးပါတယ်။


“ဘုန်းဘုန်း… မြတ်စွာဘုရားက. တရုတ်လို အင်္ဂလိပ်လို ပြောတတ်လား” တဲ့..။

ဦးစွာပထမတော့ ဘယ်လိုဖြေရမှန်းမသိ…

ခဏကြာတော့ ကောက်ခါငင်ကာ

“အိမ်း...မြတ်ဗုဒ္ဓက..တရုတ်လို အင်္ဂလိပ်လို ဘာသာမျိုးစုံတတ်တယ်” လို့ဖြေလိုက်ပါတယ်။


နောက်မှ… မြတ်ဗုဒ္ဓရဲ့ ထူးခြားချက်များကိုရှင်းပြရပါတယ်။

ကလေးတို့.. မြတ်ဗုဒ္ဓက သိပ်ထူးခြားတယ် .." မြတ်ဗုဒ္ဓက ပါဠိလိုဟောပြောပေမယ့် ..တရားနာပရိသတ်ထဲမှာပါတဲ့ လူမျိုးပေါင်စုံ ဘာသာပေါင်းစုံ ဆိုင်ရာဆိုင်ရာ သူတို့စကာတွေနဲ့ နားလည်ကြတယ်"ဟု ရှင်းပြလိုက်ရတယ်။


အဲဒီတော့ ကလေးများက ဝမ်းသာစွာနဲ့ အော်.. ဟုတ်လားတဲ့ မြတ်ဗုဒ္ဓက သိပ်ထူးဆန်းတာပဲနော်တဲ့….။


ဓမ္မသင်တန်းကလေးများ အတွေ့အကြုံ

No comments:

Post a Comment