* မိမိကိုယ်ကို ဘယ်တော့မှ သူများနှင့် မတိုင်းတာပါနဲ့။ အရာရာတိုင်းဟာ သူများနှင့်မတူနိုင်ပါ။
* မင်း..မစွမ်းနိုင်တဲ့အရာကို ဘယ်တော့မှ တဖတ်သတ် မမြင်ပါနဲ့ ၊ မင်းရဲ့စွမ်းအင်တွေကို အကောင်းဆုံးဖြစ်အောင် မွေးမြူလိုက်ပါ။
* ဘယ်အရာမှ အလွန်အကျွံ မဖြစ်စေနဲ့ အကန့်အသတ်ရှိပါစေ။
* ဘယ်သောအခါမှ အရာရာကို အလောတကြီးမလုပ်ပါနဲ့။
* တန်ဖိုးရှိလှတဲ့ အချိန်တွေကို တောင်စဉ် ရေမရ စကားတွေနဲ့ မကုန်စေပါနဲ့။
* အသိပညာတိုးပွားလေလေ ရည်ရွယ်ချက်တွေလည်း ကြီးမားလေလေဖြစ်ပါစေ။
* သူတပါးကို အားကျပြီး စိတ်အားငယ်မနေပါနဲ့ နေတတ်ရင်ကြေနပ်စရာတွေကြီးပဲမဟုတ်လား။
* အတိတ်က အရိပ်မဲတွေကို ထားခဲ့ပါတော။ မိတ်ဆွေရဲ့ အတိတ်ကဓာတ်ပြားဟောင်းတွေကို ပြန်မဖွင့်ပါနဲ့တော့။
* တိုတောင်းလှတဲ့ဘဝမှာ အမုန်းတရားနဲ့ အဆုံးမပွားပါနဲ့။
* ငြိမ်းချမ်းခြင်းဖြင့် အတိတ်များကို ကုန်ဆုံးပါစေ.. အဖိုးတန်တဲ့ပစ္စုပ္ပန်ကို အကျည်းမတန်ပါစေနဲ့။
* မင်းဘဝပျော်ရွှင်ဖို့တွက် မင်းဟာဖန်ဆင်းရှင်ပဲ။
* ဘဝဆိုတာ လေ့လာစရာတွေ ပြည့်နှက်နေတဲ့ 'ကျောင်း' ဟု နာလည်းပါ။
* ပြဿနာဆိုတာ ဘဝရဲ့အစိတ်အပိုင်းလေးပါ၊ ပေါ်လာပြီ ပျောက်သွားတတ်ပါတယ်၊ ဒါပေမယ့် ဘဝအတွက်တော့ သင်ခန်းစာ ရယူလိုက်ပါ။
* ရယ်မောခြင်းဖြင့် အချိန်ကို ကုန်ဆုံးပါစေ။
* အငြင်းပွားတိုင်း မနိုင်ချင်ပါနဲ့ တူညီမှု/ မတူညီမှုဆိုတာ အရာရာတိုင်းမှာရှိနေတယ်လေ။
POINTS ON HOW TO IMPROVE YOUR LIFE ကိုဘာသာပြန်ပါသည်။

No comments:
Post a Comment